EV ဘတ်စ်ကား နှင့် EV အိမ်စီးကားများအတွက် EV Quick Charging Station ဒုတိယအကြိမ်ထပ်မံဖွင့်လှစ်

0
103

Earth Renewable Energy Co., Ltd ဒုတိယမြောက် EV ဘတ်စ်ကား နှင့် EV အိမ်စီးကားများအတွက် EV Quick Charging Station ကို မတ်လ ၂၃ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီမှ တည်ဆောက်ထားသည့် လျှပ်စစ်မော်တော်ယာဉ် အားသွင်းရုံ (EV Quick Charging Station) (၃) ခုအနက်၊ ဒုတိယတစ်ခုဖြစ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်း ၂၀၁ မိုင်ရှိ လျှပ်စစ်မော်တော်ယာဉ်အားသွင်းရုံ (EV Quick Charging Station) ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယမြောက် လျှပ်စစ်မော်တော်ယာဉ် အားသွင်းရုံ (EV Quick Charging Station) တွင် ယခင် ပထမဖွင့်လှစ်ခဲ့သည့် (EV Quick Charging Station, 1/0 Mile)နည်းတူ EV ဘတ်စ်ကားကြီး (၄) စီး နှင့် အိမ်စီးကား (၁၀) စီးစာအတွက် Quick Charger များတပ်ဆင်ထားကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ၊ ပြည်ထောင်စုအစိုးရ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးကဲများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် Earth Renewable Energy Co., Ltd အနေဖြင့် တတိယမြောက် လျှပ်စစ် မော်တော်ယာဉ် အားသွင်းရုံ (EV Quick Charging Station) ကို ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ ဖြူးယာဉ်ရပ်နားစခန်း (၁၁၅ မိုင်) တွင် တည်ဆောက်ပြီးစီးနေပြီဖြစ်ကာ မကြာမီဖွင့်လှစ်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here