ရှားပါးတဲ့ ပင့်ကူနီကြီး မျိုးစိတ်သစ်ကို ဩဇီမှာ ရှာဖွေတွေ့ရှိ

0
144

ရှားပါးပြီး လှပတဲ့ ပင့်ကူနီ မျိုးစိတ်အသစ်ကို ဩစတြေးလျနိုင်ငံ၊ ကွင်းလန်း ပြည်နယ်မှာ ရှာဖွေတွေ့ရှိခဲ့ပါပြီ။

သူတို့ကို “Euoplos dignitas” ဆိုပြီး လက်တင် ဘာသာစကားနဲ့ အမည်ပေးထားပါတယ်။ ခမ်းနားကြီးကျယ်ခြင်းလို့ အဓိပ္ပာယ်ရပြီး ကြီးမားလှတဲ့ သူတို့ရဲ့ အရွယ်အစားကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားတာပါ။

ပုံမှန်အားဖြင့် အမတွေဟာ အထီးတွေထက် ခန္ဓာကိုယ်အရွယ်အစား ပိုကြီးပါတယ်။ အမတွေက ၅ စင်တီမီတာနဲ့ အထီးတွေက ၃ စင်တီမီတာအထိ ကြီးထွားနိုင်ပါတယ်။ ဒါဟာ သူတို့ရဲ့ မျိုးစိတ်ထဲမှာတော့ ကြီးတယ်လို့ သတ်မှတ်လို့ရပါတယ်။

အမတွေဟာ သူတို့ရဲ့ ဘဝကို မြေကြီးထဲမှာ ပုန်းအောင်းပြီး ကုန်ဆုံးပါတယ်။ အထီးတွေကတော့ မွေးဖွားပြီး ၅ နှစ်ကနေ ၇ နှစ်အကြာမှာ မိတ်ဖက်ရှာဖို့အတွက် သူတို့ရဲ့တွင်းကနေ စွန့်ခွာပါတယ်။ ဒီလိုနေထိုင်မှုတွေကြောင့် ဒီပင့်ကူနီကြီးတွေကို အပြင်မှာ မြင်တွေ့ရဖို့ ခဲယဉ်းတာပါ။ အထီးတွေက အနီရောင်ပိုသန်းပြီး အမတွေကတော့ အနီပုပ်အရောင်ဘက် ပိုသွားပါတယ်။

ဒီပင့်ကူတွေဟာ တောထဲမှာဆို အနှစ် ၂၀ အထိ နေနိုင်တဲ့ မျိုးစိတ်ပါ။ ဒါပေမယ့် နေစရာ နေရာ ရှားပါးလာနေတဲ့အတွက် မျိုးသုန်း ပျက်စီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ချေ ရှိနေပါတယ်။

Source: Sky News


LEAVE A REPLY

Please enter your comment!
Please enter your name here