Lancang-Mekong Cooperation Week in Yunnan 2023 တွင် မြန်မာကောင်စစ်ဝန်ချုပ်ဦးသော်တာအောင် အမှာစကားပြောကြား

0
78

LMC နိုင်ငံများ၏ အလှည့်ကျပူးတွဲဥက္ကဋ္ဌ တာဝန်ယူထားသော မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ဦးသော်တာအောင်မှ Lancang-Mekong Cooperation Week in Yunnan 2023 အခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

Lancang-Mekong Cooperation Week in Yunnan 2023 အခမ်းအနားအား ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊နိုင်ငံခြားရေးရုံးမှကြီးမှူး၍ မတ် ၂၃ ရက်နံနက် ၉ နာရီခွဲက ကူမင်းမြို့၌ကျင်းပခဲ့ခြင်းဖြစ်သည်။

ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် Ms.Yang Mu၊ တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊အာဆီယံရေးရာဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liang Jianjun၊ မြန်မာကောင်စစ်ဝန်ချုပ်ဦးသော်တာအောင်မှ LMC နိုင်ငံများ၏ အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ယူထားသော မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် အမှာစကားများ ပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ဦးသော်တာအောင်နှင့်ကူမင်းမြို့အခြေစိုက် LMC နိုင်ငံများမှကောင်စစ်ဝန်ချုပ်များ၊ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာဌာနများမှ အရာရှိကြီများ၊ LMC နိုင်ငံများရှိ တက္ကသိုလ်များမှကျောင်းအုပ်ကြီးများ၊ ဒု-ကျောင်းအုပ်ကြီးများ၊ယူနန်ပြည်နယ်ရှိ တက္ကသိုလ်များမှကျောင်းအုပ်ကြီးများ၊ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here