တပ်မတော်နေ့စစ်ရေးပြအခမ်းအနားနေ့တွင် ဘောဂသီရိမီးပွိုင့်မှသိုက်ချောင်းလမ်းဆုံမီးပွိုင့်အထိ ယာဥ်သွားလာမှုယာယီပိတ်မည်

0
183

(၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားနေ့ဖြစ်သည့် မတ် ၂၇ ရက်တွင် ရန်ကုန်- မန္တလေးလမ်းဟောင်း ပျဉ်းမနားမြို့နယ်၊ဘောဂသီရိမီးပွိုင့်မှဇေယျာသီရိမြို့နယ်၊သိုက်ချောင်းလမ်းဆုံမီးပွိုင့်အထိ ယာဉ်သွားလာမှုအား နံနက် ၅ နာရီမှ ၁၀ နာရီအထိ ယာယီပိတ်မည်ဟု နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးခဲ့သည်။

ထို့ကြောင့် ယာဥ်မောင်းများအနေဖြင့် နေပြည်တော်-ဇေယျာသီရိမြို့နယ်၊သိုက်ချောင်းလမ်းဆုံမီးပွိုင့်မှနိဗ္ဗာန်လမ်း(မြို့ပတ်လမ်း)အတိုင်း ခွာညိုပန်းအဝိုင်းအထိ ၎င်းမှ ရာဇသင်္ဂဟလမ်းအတိုင်း ကုမုဒြာကြာပန်းအဝိုင်းအထိ ရာဇဌာနီလမ်းအတိုင်း ပျဉ်းမနားမြို့နယ်၊ပန်းခင်းလမ်းမီးပွိုင့်- ဘောဂသီရိမီးပွိုင့်မှတစ်ဆင့် ရန်ကုန်-မန္တလေး လမ်းဟောင်းမှ လမ်းလွှဲမောင်းနှင်ရမည်ဟု အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here