City Taxi အဖြစ် အစီးရေ ၁၃၀၀၀ ကျော် လာရောက်မှတ်ပုံတင်ထား

0
113

ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၂၃ ရက်အထိ စီးတီးတက္ကစီအဖြစ်လာရောက်မှတ်ပုံတင်သည့် ကားအစီရေ ၁၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်အစီးရေ ၆၂၉၉၆ စီးရှိပြီး အစီးရေ ၁၃၇၈၅ စီးမှတ်ပုံတင်ထားပြီးဖြစ်ကာ ၄၉၂၁၁ စီးကျန်ရှိနေသေးပြီး ၈၁ ဒသမ ၂၂ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် City Taxi အဖြစ်မှတ်ပုံတင်ခြင်းကို အချိန်ကာလသတ်မှတ်ထားခြင်း  မရှိသော်လည်း နောက်ပိုင်းတွင် မှတ်ပုံမတင်သည့် တက္ကစီယာဉ်တွေကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

City Taxi ယာဉ်များ၏ ဘေးစတေကာနံပါတ်များကို မြို့နယ်အလိုက် သတ်မှတ်သင်္ကေတ နံပါတ် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်
လေးခရိုင် အပေါ် အခြေခံကာ City Taxi ယာဉ်များ၏ ဘေးစတေကာနံပါတ်များကို E၊ W၊ S၊ N သင်္ကေတများဖြင့် အသုံးပြုထားခြင်းဖြစ်ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် လေးခရိုင်မှ ကိုယ်စားပြုမြို့နယ်များသို့ ပြောင်းလဲဖွဲ့စည်းသတ်မှတ်ခဲ့ပြီးဖြစ်သည့်အတွက် ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ပြောင်းလဲအသုံးပြုလုပ်ဆောင်နေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here