သာကေတမြို့နယ်တွင် တက္ကစီ နှင့်ဘေးတွဲဆိုင်ကယ်တိုက် ဘေးတွဲဆိုင်ကယ်မောင်းသူသေဆုံး

0
190

မတ် ၂၄ ရက်ညပိုင်း ၈ နာရီခွဲခန့်ကရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ဧရာဝဏ်လမ်းမကြီး၊ ၈ထိပ်အနီးတွင် တက္ကစီနှင့်ဘေးတွဲဆိုင်ကယ်တိုက်မိခဲ့သဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။

“ဘေးတွဲဆိုင်ကယ်က လမ်းထဲကိုကွေ့အဝင် တက္ကစီနဲ့တိုက်မိတာလို့သိရပါတယ်။ကျွန်တော်တို့ရောက်သွားတော့ တက္ကစီမောင်းတဲ့လူကိုမတွေ့ရပါဘူး။ ဆိုင်ကယ်ကတော့အတော်ကြီးကိုပျက်စီးသွားတယ်။ ဘေးတွဲပဲဘာမှမဖြစ်တာ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် (၄၀)နှစ်ခန့်ရှိ ဘေးတွဲဆိုင်ကယ်မောင်းသူအား မြေပြင်ကုသမှုများပြုလုပ်ပေးစဥ် ရရှိထားသည့်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသွားသည့် ဘေးတွဲဆိုင်ကယ်မောင်းသူ၏ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here