ရေဒီယိုသတ္တိကြွကာ ဆူနာမီကိုဖြစ်စေနိုင်သည့် ရေအောက်နျူကလီးယားဒရုန်းအား မြောက်ကိုရီးယားစမ်းသပ်

0
124

ပြုံယမ်း၊မတ် ၂၄

မြောက်ကိုရီးယားသည် ရန်သူရေတပ်သင်္ဘောများနှင့် ဆိပ်ကမ်းများကိုဖျက်စီးပစ်နိုင်သည့် ရေဒီယိုသတ္တိကြွကာ ဆူနာမီကိုထုတ်လွှတ်နိုင်သည့် ရေအောက်နျူကလီးယားဒရုန်းကိုစမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတစ်ခု၏ဖော်ပြချက်အရသိရသည်။

အဆိုပါသတင်းများအရ လက်နက်သစ်ကို အင်္ဂါနေ့မှကြာသပတေးနေ့အထိ နိုင်ငံအတွင်းပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု၌ အသုံးပြုခဲ့ကြောင်းသိရသည်။မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့်အမေရိကတို့၏ စစ်ရေးလေ့ကျင့်မှုအား ပြစ်တင်ဝေဖန်လျက် အဆိုပါလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်ရှိတင်းမာမှုများကို ပြန်မညှိနိုင်လောက်အောင် တွန်းပို့ခဲ့သည်ဟုဆိုခဲ့သည်။

ပြုံယမ်း၏တပ်ဖွဲ့ဝင်များအား ဖြစ်ပေါ်လာနိုင်သည့်စစ်ပွဲအခြေအနေတိုင်းအတွက် ပြင်ဆင်ထားကာ နိုင်ငံ၏နျူကလီးယားစွမ်းအားကို ဦးစားပေးအဆင့်အဖြစ်သတ်မှတ်ပြီး အရည်အသွေးနှင့်အရေအတွက်နှစ်မျိုးလုံး မြှင့်တင်ရန်လိုအပ်ကြောင်းလည်းပြောကြားခဲ့သည်။

“ဒီနျူကလီးယားရေအောက်တိုက်ခိုက်ရေးဒရုန်းဟာ ကမ်းရိုးတန်းနဲ့ဆိပ်ကမ်းတွေမှာ တပ်စွဲထားနိုင်သလို စစ်ဆင်ရေးအတွက် ရေပြင်မှာဆွဲယူပြီး စစ်ဆင်ရေး လုပ်နိုင်ပါတယ်” ဟု KCNA ကဖော်ပြခဲ့သည်။ယခုစမ်းသပ်မှုနှင့်စစ်ရေးလေ့ကျင့်မှုသည် တောင်ကိုရီးယားနှင့်အမေရိကတို့၏ စစ်ရေးလေ့ကျင့်မှုအား သတိပေးချက်တစ်ခုဖြစ်စေမည်ဟု ကင်မ်ဂျုံအမ်ကပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here