သင်္ကြန်ကာလအတွင်း ယာဉ်အစီးရေ ၁၀၀၀ ကျော်ဖြင့်ပြေးဆွဲပေးမည်

0
123

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်လိုင်းပေါင်း ၆၃ လိုင်း၊ ယာဉ်အစီးရေ ၁၂၈၈ စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

သင်္ကြန်ပွဲတော်ကာလမတိုင်ခင် ဧပြီလ ၁၂ ရက်အထိ ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း၊ယင်းအပြင် ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)တွင် ယာဉ်လိုင်းသုံးလိုင်းမှ ယာဉ်စီးခ (အခမဲ့) ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် အဆိုပါကာလအတွင်း ယာဉ်စီးခကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်းမပြုရန် ယာဉ်လိုင်းအားလုံးကို ညွှန်ကြားထားပြီးကာ ပိုမိုတောင်းခံပါက CNG ပိတ်သိမ်းခြင်းနှင့်ယာဉ်လိုင်းမှ ရာသက်ပန် ထုတ်ပယ်သွားသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

YBS ယာဉ်လိုင်းများအနေဖြင့်သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက ခရီးသည်များအနေဖြင့် ဖုန်းနံပါတ် ၀၉၄၄၈၁၄၇၁၄၉၊ ၀၉၄၄၈၁၄၇၁၅၃၊ ၀၉၄၄၈၁၄၇၁၅၄ သို့ဆက်သွယ်တိုင်တိုင်ကြားနိုင်သလို ၀၉၄၄၀၀၀၁၁၈၈ Viber ကိုလည်း တိုင်ကြားနိုင်သည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here