မြဝတီကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲဖြစ်ပွားနေသော်လည်း ကုန်ကားများပုံမှန်အတိုင်းသွားလာနေဟုဆို

0
118

ယနေ့ မတ်လ (၂၅) ရက်တွင် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင် ရဲစခန်း အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ကုန်ကားများပုံမှန်အတိုင်းသွားလာနေကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။

“ ဒီဘက်လမ်းကြောင်းတွေကတော့ ဒီပုံစံအတိုင်းပဲ။ ကုန်တင်ယာဉ်တွေကတော့ သွားနေတာပေါ့။ ပုံမှန်အတိုင်းပဲ။ ကိုယ့်အလှည့်ကျမှ ဖြစ်သွားရင်လည်း မတတ်နိုင်ဘူးလေ။ ကျွန်တော်တို့က ကုန်စည်ပို့ဆောင်ရေးပဲ လုပ်တတ်တော့ ဒါကိုပဲ အဆင်ပြေအောင်လုပ်ရတာပေါ့”ဟု ၎င်းကဆိုသည်။

ယနေ့မနက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မြဝတီ ကုန်သွယ်ရေးဇုန်ရှိ ဂိုဒေါင်အချို့ မီးရှို့ခံထားရကြောင်း၊ လက်ရှိတွင် မြဝတီမြို့ဘက်သို့ထွက်သည့် မဲကနယ် တံတားအား တပ်မတော် နှင့် BGF ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်သည် ထိုင်းနိုင်ငံနှင့်အများဆုံး ကုန်သွယ်မှုပြုလုပ်နေသည့် ဇုန်ဖြစ်ကြောင်း၊ ယင်းသို့ ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲများဖြစ်ပွားခြင်းသည် ကုန်သွယ်မှုကို ထိခိုက်နိုင်ကြောင်းကုန်သည်များ၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here