ဝမ်းတွင်းမြို့နယ်တွင် ၁၈ ဘီးကား ဘီးပေါက်တိမ်းမှောက်ပြီး ဆီတိုင်ကီပွင့်၍မီးလောင်ခဲ့

0
125

မန္တလေးတိုင်း၊ဝမ်းတွင်းမြို့နယ်၊လျှော်ပင်ကျေးရွာတွင် မတ် ၂၅ ရက်(ယနေ့)နေ့လည်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နေ့လည် ၁ နာရီ ၁၀ မိနစ်ခန့်က ဝမ်းတွင်းမြို့နယ်၊လျှော်ပင်ကျေးရွာအနီးကားလမ်း၏ မိုင်တိုင်အမှတ်(၃၂၄/၀)နှင့်(၃၂၄/၁)ကြားတွင်(၁၈) ဘီးကားတစ်စီးသည် မောင်းနှင်လာစဥ် ရှေ့ညာဘက်ဘီးပွင့်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ ကားဆီတိုင်ကီပွင့်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၃ နာရီ ၁၇ မိ နစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“လူထိခိုက်ဒဏ်ရာရတာမရှိပါဘူး ဘီးပေါက်သွားတဲ့အရှိန်နဲ့ကားကထိန်းလို့မရတော့ဘဲ လမ်းဘေးမှာမှောက်သွားတာပါ ကားသမားကအချိန်မီထွက်နိုင်တာရယ် မီးအချိန်မီငြှိမ်းနိုင်တာရယ်ကြောင့် ကြီးကြီးမားမားမရှိခဲ့ပါဘူး”ဟု လူမှုကူညီ‌ရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here