ရန်ကုန်မြို့၌ကျင်းပသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် မာရသွန်အပြေးပြိုင်ပွဲအား ပြိုင်ပွဲဝင် ၁၆၅၀ ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့

0
84

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှကြီးမှူး၍ (၇၈)နှစ် မြောက် တပ်မတော်နေ့အထိမ်းအမှတ် မာရသွန်အပြေးပြိုင်ပွဲအား သင်္ဃန်းကျွန်းမြို့နယ်၊အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)မုဒ်ဦးဝ၌ မတ် ၂၅ ရက်(ယနေ့)နံနက် ၆ နာရီကကျင်းပခဲ့သည်။

မာရသွန်ပြိုင်ပွဲတွင် မိုက်ခရိုမာရသွန်နှင့်(၅)ကီလို အမျိုးသားအမျိုးသမီး ပြိုင်ပွဲအား ကျင်းပခဲ့ခြင်းဖြစ်ပြီး မိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၃၅၀)ဦး၊ (၅)ကီလိုမာရသွန်ပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီး(၃၀၀)ဦး(စုစုပေါင်း ၁၆၅၀ ဦး) တို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မာရသွန်ပြိုင်ပွဲအား အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)မုဒ်ဦးဝမှစတင်တာထွက်ကာ လေးဒေါင့်ကန်လမ်း(သုဝဏ္ဏလမ်းဆုံ)-ဝေဇယန္တလမ်းတို့မှတဆင့် သင်္ဃန်းကျွန်း၊တောင်ဥက္ကလာပ၊မရမ်းကုန်းမြို့နယ်မှ မြောက်ဥက္ကလာပမြို့နယ်၊သုဓမ္မာလမ်းအတိုင်း ဥက္ကလာသီရိပန်းခြံရှေ့မှ ပြန်လှည့်၍ လာလမ်းအတိုင်း သုဝဏ္ဏအားကစားပြိုင်ပွဲရုံ(၁)မုဒ်ဦးဝတွင် ပန်းဝင်ခဲ့ကြသည်။

ပန်းဝင်လာသူများအနက် ဆုရရှိသူများအား ရန်ကုန်တိုင်းအစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပန်းဝင်လာသူတိုင်းအား တစ်ဦးလျင် ၂၀၀၀၀ ကျပ်စီချီးမြှင့်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here