ရန်ကုန်မြစ်အတွင်း မျက်မမြင် အမျိုးသားတစ်ဦးဟု ယူဆရသူတစ်ဦိး၏ ရုပ်အလောင်းတွေ့ရှိ

0
85

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ရန်ကုန်မြစ်အတွင်း မျက်မမြင် အမျိုးသားတစ်ဦးဟု ယူဆရသူတစ်ဦိး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ကြည့်မြင်တိုင်မြို့နယ်၊ ဌက်ပျောစျေးအနီးတွင် ယနေ့ (မတ်လ ၂၅) နံနက် ၁၁ နာရီအချိန်ခန့်ကရေနစ်သေဆုံးအမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိသည့်အတွက် လင်းလက် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆယ်ယူခဲ့ရသည်။

” ရန်ကုန်မြစ်ထဲမှာ body တွေ့လို့ သက်ဆိုင်ရာကအကြောင်းကြားလာတယ်၊ သေဆုံးသူဘေးမှာ လမ်းလျောက်အကူ တုတ်ထောက်လေးပါတယ်၊ မျက်မြင်ဖြစ်ဖို့များတယ်လို့ ရဲတပ်ဖွဲ့ဘက်က ကောက်ချက်ချထားပါတယ်” ဟု လင်းလက် လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

သေဆုံးအမျိုးသားမှာ ၃၅ နှစ်အရွယ်ရှိသူဖြစ်ပြီး လင်းလက်လူမှူကူညီရေးအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့PR နံပါတ် 058 ထွက်သည်အထိ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here