ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ ပြည်ထောင်စုအဆင့် ပါတီအဖြစ် မှတ်ပုံပြန်တင်၊ ယနေ့အထိ ပြည်ထောင်စုအဆင့် မှတ်ပုံတင်သည့်ပါတီ (၁၂) ခုရှိ

0
131

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီအနေဖြင့် ပြည်ထောင်စုတစ်ဝန်း စည်းရုံးလှုပ်ရှားမည့် ပါတီအဖြစ် မတ်လ(၂၄) ရက်က UEC ထံ မှတ်ပုံတင် ပြန်လည်လျှောက် ထားခဲ့ကြောင်း သိရသည်။

ပါတီမှတ်ပုံတင် ဥပဒေသစ်အရ မှတ်ပုံတင်ရန်ခွင့်ပြုထားသည့် ရက်ပေါင်း (၆၀) ပြည့်ရန် ရက်ပိုင်းအလိုတွင် ပြည်ထောင်စုတစ်ဝန်း လှုပ်ရှားမည့်ပါတီအဖြစ် မှတ်ပုံတင်ပြန်လည် လျှောက်ထားခဲ့ကြောင်း ပြည်သူ့ပါတီက တရားဝင် ကြေညာလာခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ UEC  ထံတွင် မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့သည့် ပါတီပေါင်း (၅၂) ပါတီအထိရှိပြီး အဆိုပါ (၅၂) ပါတီထဲတွင် ပြည်ထောင်စုအဆင့် စည်းရုံး လှုပ်ရှားမည့် ပါတီက (၁၂) ပါတီ ရှိကြောင်း UEC ၏ သတင်းအချက်အလက်များအရ သိရသည်။

အဆိုပါ ပြည်ထောင်စုအဆင့် စည်းရုံးလှုပ်ရှားမည့် ပါတီ (၁၂)ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၊
ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အလုပ်သမားပါတီ၊ အမျိုးသားအကျိုး စီးပွားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ၊အမျိုးသမီးပါတီ(မွန်)နှင့် ပြည်သူ့ပါတီ တို့ဖြစ်ကြောင်း သိရသည်။

နစက က အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ယခင်ဥပဒေဖြင့် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများအနေဖြင့် ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင် ပြန်လည်လျှောက်ထားရမည် ဖြစ် သည်။

အဆိုပါ ပေးထားချက်အရ မတ်လ (၂၆) ရက်တွင် ရက်ပေါင်း (၆၀) ပြည့်မည်ဖြစ်သော်လည်း ရုံးပိတ်ရက်နှင့်ခံနေသည့်အတွက် မတ် (၂၈) ရက်နောက်ဆုံးထား မှတ်ပုံ တင်လျှောက်ထားနိုင်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ပြည်သူ့ပါတီ မှတ်ပုံတင်ပြန်လည်လျှောက်ထားမှုနှင့်ပတ် သက်၍ မေးမြန်းရန် ပါတီခေါင်းဆောင် ဦးကိုကိုကြီးထံ ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေး လုပ်နေသည့်အတွက် မေးမြနိုင်ခြင်း မရှိခဲ့ပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here