တက္ကဆပ်စ်ပြည်နယ်၌ ကုန်တွဲအတွင်း ရွှေ့ပြောင်းနေထိုင်သူများအားတင်ဆောင်လာရာမှ အသက်ရှူကြပ်ကာနှစ်ဦးသေဆုံးပြီး ဆယ်ချီဒဏ်ရာရ

0
118

တက္ကဆပ်စ် ပြည်နယ်၌ ကုန်တွဲ အတွင်းရွှေ့ပြောင်းနေထိုင်သူများကို ခိုးတင်လာရာမှ အဆိုပါရွှေ့ပြောင်းနေထိုင်သူများ အသက်ရှူကြပ်ကာ နှစ်ဦးသေဆုံးပြီး ဆယ်ချီဒဏ်ရာရကာ အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်နေကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အာဏာပိုင်များ၏ပြောကြားချက်အရ နံနက်လေးနာရီခန့်တွင် လူတစ်ဦး၏သတင်းပေးမှုအရ ကုန်တွဲများတင်ဆောင်ထားသည့်ရထားပေါ်ရှိကွန်တိန်နာ ထဲ၌ အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူများပါလာပြီး အသက်ရှူကြပ်နေကြသည်ဟု သတင်းပေးခဲ့ကြောင်းသိရသည်။

သတင်းပေးချက်အရ တက္ကဆပ်စ်ပြည်နယ်ရဲတပ်ဖွဲ့မှ အဆိုပါရထားအား ပိတ်ဆို့တားဆီးစစ်ဆေးရာမှ ရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ယခုဖြစ်ရပ်သည် တရားမဝင်လူမှောင်ခိုတင်သွင်းမှုနှင့်ဆက်စပ်နေနိုင်သည်ဟုလည်း သတင်းရင်းမြစ်ကပြောကြားခဲ့သည်။

ယခုဖြစ်ရပ်မတိုင်ခင်ကလည်း ကုန်တွဲပေါ်၌ရွှေ့ပြောင်းနေထိုင်သူများတင်ဆောင်လာရာမှ အသက်ရှူကြပ်ကာ ၅၃ ယောက်သေဆုံးခဲ့မှုလည်းဖြစ်ပွားခဲ့သေးသည်။

Source : Fox News


LEAVE A REPLY

Please enter your comment!
Please enter your name here