သင်္ကြန်အကြို ဧပြီ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ ၁၆ ရက်နေ့အထိ လူစီးရထားများ အားလုံး ပြေးဆွဲမှုခေတ္တရပ်နားမည်

0
90

သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ ၁၆ ရက်နေ့အထိ လူစီးရထားများ အားလုံး ပြေးဆွဲမှုခေတ္တရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဧပြီ ၇ ရက်မှစတင်၍ အထူးရထားများကို ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရန်ကုန်မြို့မှ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်နှင့် ပြည်မြို့များသို့ အထူးရထားခရီးစဉ်များ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်အထူးရထား ခရီးစဉ်များအနေဖြင့် ဧပြီ ၇ ရက်တွင် ရန်ကုန်-မန္တလေး၊ မန္တလေး – ရန်ကုန်နှင့် နေပြည်တော် – ရန်ကုန် သင်္ကြန်အထူးရထားများကိုလည်းကောင်း၊ ဧပြီ ၈ ရက်တွင် ရန်ကုန် – မန္တလေး၊ မန္တလေး- ရန်ကုန်၊ ရန်ကုန်- မော်လမြိုင်၊ ရန်ကုန်- ပြည် နှင့် ပြည်- ရန်ကုန် အထူးရထားများကိုလည်းကောင်း၊ ဧပြီ ၁၇ ရက်တွင် ရန်ကုန် – မန္တလေး၊ မန္တလေး – ရန်ကုန်၊ ရန်ကုန်- နေပြည်တော်၊ ရန်ကုန်- မော်လမြိုင်၊ ရန်ကုန် – ပြည်နှင့် ပြည် – ရန်ကုန် အထူး ရထားခရီးစဉ်များကိုလည်းကောင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ယင်းနေ့ရက်များအပြင် ခရီးသည်စီးနင်းမှုအခြေအနေပေါ်မူတည်ကာ လိုအပ်ပါက ဧပြီ ၉ ရက်၊ ဧပြီ ၁၈ ရက်တို့တွင် အထူး ရထားများကို ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ကြန်အထူးရထားများ၏ အထက်တန်းတွဲလက်မှတ်များကို သုံးရက် ကြိုတင်စနစ်၊ ရိုးရိုးတန်းလက်မှတ်များကို နှစ်ရက် ကြိုတင်စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်ပါက လျှောက်လွှာများဖြင့် ကြိုတင်ဝယ်ယူနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here