ဥက္ကာခဲဖြင့်ပြုလုပ်ထားသော လက်ကိုင်အိတ်များကို ပြင်သစ်ဖက်ရှင် လုပ်ငန်းက စတင်ရောင်းချလျက်ရှိ

0
128

ပြင်သစ် ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ကိုပါနီ (Coperni) ဟာ ဥက္ကာခဲတွေကို လက်နဲ့ ထွင်းပြီး ဖန်တီးထားတဲ့ လက်ကိုင်အိတ်တွေကို မကြာသေးမီကမှ စပြီးရောင်းချနေတယ်လို့ သိရပါတယ်။

အဲဒီ ဥက္ကာခဲတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးသောင်း ငါးထောင်လောက်ကတည်းက ကမ္ဘာမြေပေါ် ကျရောက်လာတဲ့ ဥက္ကာခဲတွေဖြစ်တယ်လို့ ကိုပါနီ က ပြောပါတယ်။ ဥက္ကာခဲနဲ့ လုပ်ထားတဲ့ လက်ကိုင်အိတ်တွေကို အရေအတွက် အကန့်အသတ်နဲ့ ထုတ်ထားပြီး တစ်အိတ်ကို ဒေါ်လာ ၄၃,၀၀၀ လောက် ကျသင့်မှာဖြစ်ပါတယ်။

အိတ်ပုံစံက အရမ်းကြီး မကြီးပေမယ့် ဥက္ကာခဲနဲ့ လုပ်ထားတဲ့အတွက် အိတ်ရဲ့ အလေးချိန်တင် ၄ ပေါင် နီးပါး ရှိပါတယ်။ လက်ကိုင်အိတ် တစ်ခုစီဟာ သူ့ဟာနဲ့သူ ထူးခြားနေမှာဖြစ်ပြီး ဥက္ကာခဲတွေဟာ တစ်ခုနဲ့တစ်ခု မတူညီတဲ့အတွက် အိတ်တွေရဲ့ ပုံစံနဲ့ အရောင်ကတော့ အနည်းငယ် ကွဲပြားနေမှာပါ။

ဒါ့ပြင် အိတ်ဝယ်ယူတဲ့ လူတွေကိုလည်း သူတို့ဝယ်လိုက်တဲ့ အိတ်ရဲ့ ဥက္ကာခဲက ဘယ်နေရာမှာ ကျရောက်ခဲ့တဲ့ ဥက္ကာခဲ ဆိုတာကိုလည်း ဖော်ပြပေးသွားမှာပါလို့ ကိုပါနီ က ပြောထားပါတယ်။ တမူဆန်းလှတဲ့ ဥက္ကာခဲ လက်ကိုင်အိတ်တွေကို အခုလက်ရှိ ကိုပါနီရဲ့ ဝက်ဘ်ဆိုဒ်မှာ ဝယ်ယူလို့ ရနေပြီပဲ ဖြစ်ပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here