အရေးယူခံရသည့်YBS ယာဉ်မောင်းအချို့က ယင်းစည်းကမ်း သတ်မှတ်ချက်ကိုမသိဟု ငြင်းဆို

0
176

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်များတစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်ခြင်းမပြုလုပ်ရန် ညွှန်ကြားထားပြီး မလိုက်နာသည့် ယာဉ်မောင်းများကို အရေးယူဆောင်ရွက်ရာတွင် ယာဉ်မောင်းအချို့က ယင်းစည်းကမ်းသတ်မှတ်ချက်ကိုမသိဟု ငြင်းဆိုမှုများရှိကြောင်း YRTC မှတွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

YRTC မှ ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးရည်ရွယ်ကာ YBS ယာဉ်များ တစ်စီးနှင့်တစ်စီး အပြိုင်အဆိုင်၊​ကျော်တက်မောင်းနှင်ခြင်းများ မရှိစေရေးအတွက် ကမ်ပိန်းများပြုလုပ်၍ ယာဉ်လိုင်းများကိုအသိပေးထားကြောင်း သိရသည်။

YBS ယာဉ်များတစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်သည့် ယာဉ်အစီးရေ ၁၀၀ ကျော်ကိုအရေးယူဆောင်ရွက်ထားကြောင်း၊ အဆိုပါ စည်းကမ်းမဲ့ YBS ယာဉ်များကို Telematics စက်များ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးဝန်ထမ်းများဖြင့် စောင့်ကြည့်မှတ်သားထားပြီး တစ်ကြိမ်ကျော်တက်ပါက YRTC ၏ ပြစ်မှုပြစ်ဒဏ် (၁၃၈) ချက်အရ ဒဏ်ငွေ ကျပ်တစ်သောင်း ဒဏ်ရိုက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် ၂၀၂၃ ခုနှစ်၏ နှစ်လအတွင်း စည်းကမ်းမဲ့ YBS ဖမ်းဆီးမှု ၁၂၆၃ မှုကို အရေးယူဆောင်ရွက်ထားပြီး မှတ်သားဖမ်းဆီးမှု၊ တိုင်ကြားမှု၊ Facebook တိုင်ကြားမှု၊မီးနီဖြတ်မောင်းမှု၊ သတ်မှတ်ကီလိုကျော်လွန် မောင်းနှင်မှု၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု၊ မဆင်မခြင်မောင်းနှင်မှု၊ သီးခြားအမှု၊ နယ်ကျော်မှု၊ ရပ်နားချိန်ကြာမြင့်မှု၊ ယာဉ်တစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်မှု စသည့်အမှုများ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here