အဝေးပြေးကားလက်မှတ်ခ ဈေးပိုရောင်းပါက တိုင်ကြားနိုင်ပြီး ပိုသည့်လက်မှတ်ခဖိုးကို ပြန်အမ်းပေးမည်

0
194

သင်္ကြန်ကာလအတွင်း နယ်သို့ပြန်လိုသည့်သူများအနေဖြင့် အဝေးပြေးကားလက်မှတ်ခ ဈေးပိုရောင်းပါက တိုင်ကြားနိုင်ပြီး ပိုသည့်လက်မှတ်ခဖိုးကို ပြန်အမ်းပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပိုဆောင်ရေး ကြီးကြပ်မှုကော်တီမှ ကော်မတီဝင် ဦးဘမြင့်က ပြောသည်။

“ ကျွန်တော်တို့အနေနဲ့ လက်မှတ်ခတွေကို မှန်မှန်ကန်ကန်ရောင်းချပေးဖို့ ပုံမှန်အတိုင်းရောင်းပေးဖို့ ညွှန်ကြားထားတယ်။ ဒါ့အပြင် လက်မှတ်ခနှုန်းထားကို ဈေးပိုရောင်းလို့ရှိရင် ကျွန်တော်တို့ဆီကို လာပြီးတိုင်လို့ရပါတယ်။ အဲဒီယာဉ်လိုင်းအရှေ့မှာဘဲ ပိုတဲ့ငွေကို ပြန်အမ်းပေးမယ်။ ဧပြီလဆန်းလောက်မှာလည်း ထပ်ပြီးသတိပေးဖို့ရှိပါတယ်။ ပြီးရင် ယာဉ်ချို့ယွင်းမှုဖြစ်ခဲ့ရင် အရံယာဉ်တွေအနေနဲ့ ၃-၄ စီးထွက်ပေးဖို့ ပြောထားပါတယ်”ဟု ၎င်းကဆိုသည်။

သင်္ကြန်ကာလ အဝေးပြေးယာဉ်များ ပြေးဆွဲမှုမှာ ဧပြီလ ၁၀ ရက်နေ့အထိသာ ယာဉ်လိုင်းအားလုံး ပြေးဆွဲပေးမည်ဖြစ်ပြီး ၁၁ ရက်နေ့နှင့် နောက်ပိုင်းတွင် ယာဉ်လိုင်းအချို့ ရပ်နားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ပြန်မည့်ခရီးသည်များ လက်မှတ်မရပါက လမ်းကြောင်းတူ ခရီးသည် ၃၀ ကိုကားစီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်မင်္ဂလာအဝေးပြေးတွင် ပြေးဆွဲမည့် ယာဉ်လိုင်းအရေအတွက်မှာ ဧပြီ ၁၀ ရက်နေ့တွင် ၁၈၃ လိုင်း ၊ ၁၁ ရက်နေ့တွင် ၁၇၁ လိုင်း ပြေးဆွဲပြီး ၅၂ လိုင်း ရပ်နားမည်ဖြစ်ကြောင်း၊ ၁၂ ရက်နေ့တွင် ၁၅၂ လိုင်းပြေးဆွဲပြီး ၇၂ လိုင်း ရပ်နားမည်ဖြစ်ကြောင်း၊ ၁၃ ရက်နေ့တွင် ၅၁ လိုင်း ပြေးဆွဲပြီး ၁၇၃ လိုင်းရပ်နားမည်ဖြစ်ကာ ၁၄ ရက်နေ့တွင် ၅ လိုင်း ပြေးဆွဲ၍ ၂၁၉ လိုင်း ရပ်နားမည်ဟု သိရသည်။

ဒဂုံဧရာ အဝေးပြေးယာဉ်လိုင်းတွင် ယာဉ်လိုင်းပေါင်း ၁၁၀ ရှိရာ ၁၃ ရက်နေ့အထိ ၉၉ လိုင်း ပြေးဆွဲပေးမည်ဖြစ်ပြီး ၁၁ လိုင်းရပ်နားမည်ဖြစ်ကာ ပိတ်ရက်မရှိပြေးဆွဲမည့် ယာဉ်လိုင်းမှာ ၆ လိုင်းရှိမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here