ကာဂျစ္စတန်၏ နောက်ကျချေပဂိုးကြောင့် အနိုင်ရလဒ်နှင့် ဝေးကွာခဲ့ရသည့် မြန်မာ့လက်ရွေးစင်အသင်း

0
173

မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန်လက်ရွေးစင်အသင်းတို့ ယနေ့ ညပိုင်းက အိန္ဒိယနိုင်ငံ အင်ဖာမြို့ KHUMAN LAMPAK STADIUM ၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၈၂ မိနစ်တွင် မောင်မောင်လွင်နှင့် အောင်သူတို့၏ အချိတ်အဆက်မိမိ ရရှိလာသည့် အခွင့်ရေးကို အောင်သူ က အဆုံးသတ် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ပွဲကစားချိန်နောက်ဆုံးမိနစ်တွင် ကာဂျစ္စတန်အသင်းက နောက်ကျချေပဂိုး ရရှိသွားခဲ့မှု‌ကြောင့်သာ မြန်မာအသင်း အနိုင်ရလဒ်နှင့် ဝေးကွာခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် Hero Tri-Nation International Football Tournament 2023 ဖိတ်ခေါ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အဖြစ် ဂျာမနီ နည်းပြ မိုက်ကယ် ဖိုက်တန်ဘိုင်နားအားခန့်အပ်ပြီး နောက်ပိုင်းတွင် ယခင်ထက်သာလွန်သည့် ခြေစွမ်းများပြသလာနိုင်သည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here