ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး နေအိမ်မီးလောင်မှုဖြစ်ပွား

0
146

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်ရှိ ၃ ထပ်တိုက်တစ်လုံးတွင် ဖုန်းအားသွင်းထားရာမှအပူလွန်ကဲ၍ မီးလောင်ခဲ့မှု မတ် ၂၅ ရက်ညကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၁၀ နာရီခန့်က အောင်မြေသာစံမြို့ နယ်၊ ၂၃ လမ်း၊ ၈၀ လမ်းနှင့် ၈၁ လမ်းထောင့်ရှိ ၃ ထပ်တိုက်တစ်လုံး၏ အပေါ်ဆုံးထပ်တွင် ဖုန်းအားသွင်းထားရာမှအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွား၍ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၁၀ နာရီ ၁၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၀ နာရီ ၁၄ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“ဖုန်းအားသွင်းထားရာကနေ အားသွင်းကြိုးကအပူလွန်ကဲပြီးလောင်တာ အနားကမွေ့ယာကိုမီးဆက်ကူးတယ် အဲဒီမှာပိုလောင်သွားတာပေါ့ ထိ ခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
Photo-Ko Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here