လိုင်စင်မရှိဘဲ စက်သုံးဆီ​ရောင်သူများကို မန်းတွင်ဖမ်း​နေ

0
145

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၌ စက်သုံးဆီများအား တရားမဝင်ရောင်းချသူ ၄ ဦးကို သက်ဆိုင်ရာရဲစခန်းတွင် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထား သည်။

လိုင်စင်မရှိဘဲ စက်သုံးဆီများအား တရားမဝင်ရောင်းချနေမှုများရှိနေသဖြင့် တာဝန်ရှိသူများက မတ် ၂၃ ရက်မှစတင်၍ ရှာဖွေဖမ်းဆီးမှုများကို စီမံချက်အနေဖြင့်ပြုလုပ်​နေကြသည်။

ယင်းနေ့၌ပင် ချမ်းအေးသာစံမြို့နယ်၊ လမ်း ၇၀ နှင့် ၃၂ လမ်းထောင့်၊ ၈၉ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ လမ်း၉၀၊ ၃၂ လမ်းနှင့် ၃၃ လမ်း ကြား၊ ၃၃ လမ်းနှင့် ၈၈ လမ်းထောင့်တို့တွင် တရားမဝင်ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင် ၄ ဆိုင်အားတွေ့ရှိခဲ့ကြသည်။

ထို့ပြင် စက်သုံးဆီများဖြစ်သည့် 92 ၊ 95 ဆီများ၊ဘတ္ထရီသုံးစက်သုံးဆီပန့်၊သုံးဘီးဆိုင်ကယ်များ၊စက်သုံးဆီချင်တွယ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်း တာဝန်ရှိသူများက သိမ်းဆည်းလိုက်သည်။

ရေနံထွက်ပစ္စည်းကြီး ကြပ်စစ်ဆေးရေးဦးစီးဌာနမှ တရားလိုပြုလုပ်၍ဖမ်းမိခဲ့သည့် တရားမဝင်စက်သုံးဆီရောင်းချသူ ၄ ဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here