ယနေ့နံနက်ပိုင်း၌သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့

0
153

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၊(ဇ)တောင်ရပ်ကွက်တွင် မတ် ၂၆ ရက်(ယနေ့)နံနက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က သင်္ဃန်းကျွန်းမြို့နယ်၊(ဇ)တောင်ရပ်ကွက်၊ပြည်သာယာလမ်းတွင် မီးလောင်မှုဖြစ်ပွား၍ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းနှင့်တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းတို့မှမီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၉ နာရီ ၄၂ မိနစ်တွင်မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၄၅ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုစတင်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာ ဝန်ရှိသူများက စစ်​ဆေးစုံစမ်းလျက်ရှိ​ကြောင်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here