ယခုနှစ်တွင် အင်းလေးဒေသ၌ ရေပေါ်သင်္ကြန် ပြန်လည်ကျင်းပမည်

0
124

အင်းလေးဒေသ၌ ရေပေါ်သင်္ကြန်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

“ ပုံမှန်အားဖြင့် ဒီကခရီးသည်တွေက ရေပေါ်သင်္ကြန်ရှိတဲ့အချိန်ကို သွားကြတာများပါတယ်။ ဒါ့အပြင် သူ့ရဲ့ဒေသတွင်းခရီးသွားတွေက အင်းလေးဒေသရဲ့ သင်္ကြန်ကိုလာလေ့ရှိပါတယ်။ ဒီနှစ်ရေပေါ်သင်္ကြန်ကတော့ စည်ကားမဲ့အနေအထားတော့ရှိတယ်။ ရန်ကုန်အပါအဝင် အခြားမြို့နယ်တွေကတော့ အင်းလေးဒေသကို သွားရောက်ဖို့ အခက်ခဲရှိပါတယ်။ ဒါကြောင့်အနီးအနားမှာရှိတဲ့ ကမ်းခြေဒေသမှာပဲဘိုကင်တွေတင်ကြတာ များတယ်။ အင်းလေးရေပေါ်သင်္ကြန်ကတော့ စည်တော့စည်မယ် ပုံမှန်ထက်တော့ နည်းနိုင်တယ်”ဟု ၎င်းကဆိုသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ နန်းပန်ကျေးရွာအနီးရှိ ရေပြင်တွင် ၂၀၁၉ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် စတင်ကျင်းပခြင်းဖြစ်ပြီး၊ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အများဆုံးလာရောက်လေ့ရှိကြောင်း သိရသည်။

ရေပေါ်သင်္ကြန်ပွဲတော်တွင် အင်းလေးကန်ရေပြင်ပေါ်၌ လှေသမ္ဗန်များ၊ ဖောင်များဖြင့် အတာရေ စင်ပက်ဖြန်းကြမည့် ရေပေါ်သြင်္ကန်ပွဲ၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ယိမ်းအကအလှများနှင့် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲအစီအစဉ်များ အစရှိသည့် အစီအစဉ်များပါဝင်ပြီး မဟာသင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Photo Credit -Wyne


LEAVE A REPLY

Please enter your comment!
Please enter your name here