ရန်ကုန်စီးပွားရေးတက္ကသိုလ်မဟာဘွဲ့သင်တန်း ၄ ခု ​အတွက်လျှောက်လွှာများ​​​ခေါ်​နေပြီ

0
301

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်မဟာဘွဲ့သင်တန်း ၄ ခု၏ အပတ်စဥ်သစ်များ ဖွင့်လှစ်​တော့မည်ဖြစ်၍​လျှောက်လွှာများ​လျှောက်ထားနိုင်ပြီ ဖြစ်သည်။

ထိုမဟာဘွဲ့များသည် နယ်ပယ်စုံမှစီမံခန့်ခွဲမှုအ​တွေ့ကြုံရှိပြီးသူများတက်​ရောက်ကြသဖြင့် အ​တွေ့ကြုံဖလှယ်သင်ယူမှုသည် ဘက်​ပေါင်းစုံကရရှိခြင်း၊ပြင်ပတက္ကသိုလ်များနှင့်ယှဥ်ပါက အခ​ကြေး​ငွေသက်သာခြင်း တို့​ကြောင့် ဝင်ခွင့်​ဖြေဆိုသူများ​လေ့ရှိသည် ​။ အ​စောပိုင်းအပတ်စဥ်များတွင် နိုင်ငံခြားသံရုံးများမှ နိုင်ငံခြားသားဝန်ထမ်းများပင် လာ​ရောက်တက်ကြသည်။

စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ EMBA(ပုံမှန်သင်တန်း)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ EMPA (Online သင်တန်း)၊ ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ EMDevS (Online သင်တန်း)နှင့်ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေးပညာမဟာဘွဲ့ EMBF (Online သင်တန်း)တို့အား အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများတက်​ရောက်သင်ကြားနိုင်သည်။

EMBA(ပုံမှန်သင်တန်း)အတွက် အစိုးရဝန်ထမ်းဖြစ်ပါက ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး(၈)နှစ်ရှိရမည်ဖြစ်ကာ နိုင်ငံတကာအဖွဲ့အစည်းနှင့်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းဖြစ်ပါက Executive Level(စီမံခန့်ခွဲမှုအဆင့်)လုပ်သက်(၈)နှစ်ရှိရမည်ဖြစ်သည်။

EMPA(Online သင်တန်း)ပြည်သူ့​ရေးရာစီမံခန့်ခွဲမှု သင်တန်းအတွက် အစိုးရဝန်ထမ်းဖြစ်ပါက ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်း ဆုံး(၂)နှစ်၊ နိုင်ငံတကာအဖွဲ့အစည်းနှင့်ကုမ္ပဏီဝန်ထမ်းဖြစ်ပါက Executive Level(စီမံခန့်ခွဲမှုအဆင့်)လုပ်သက်(၂)နှစ်ရှိရမည်ဖြစ်သည်။

EMDevS (Online သင်တန်း)အတွက် အစိုးရဝန်ထမ်းဖြစ်ပါက ပြန်တမ်းဝင်အရာရှိ လုပ်သက် အနည်းဆုံး(၂)နှစ်၊ နိုင်ငံတကာအဖွဲ့အစည်းနှင့်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းဖြစ်ပါက Executive Level(စီမံခန့်ခွဲမှုအဆင့်)လုပ်သက် (၂)နှစ်ရှိရမည်ဖြစ်သည်။

EMBF (Online သင်တန်း)အတွက် ဘဏ်လုပ်ငန်း (သို့)ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင်(အဆင့်မြင့်စီမံခန့်ခွဲမှု)အတွေ့အကြုံ လုပ်သက်အနည်းဆုံး(၅) နှစ်ရှိရမည်ဖြစ်သည်။

Executive မဟာဘွဲ့သင်တန်းများ တက်ရောက်လိုသူများသည် ၂၀၂၃ ခုနှစ်၊ဇူလိုင် ၁ ရက်တွင် အသက်(၃၀)နှစ်ပြည့်ပြီး တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းများတက်ရောက်နေသူမဖြစ်ရဘဲသတ်မှတ်ထားသည့် သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်ရမည်ဖြစ်ကာ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲနှင့်လူတွေ့အကဲဖြတ်စစ်ဆေးခြင်းအား လူကိုယ်တိုင်လာရောက်ဖြေဆို အောင်မြင်ရမည်ဖြစ်သည်။

တက်ရောက်လိုသူများအနေဖြင့် EMBA(ပုံမှန်) သင်တန်းအား မတ် ၂၈ ရက်မှ မေ ၂၂ ရက်အထိ၊ EMPA(Online)သင်တန်းအား ဧပြီ ၅ ရက်မှ ဇွန် ၁၅ ရက်အထိ၊ EMDevS (Online)သင်တန်းအား မတ် ၂၈ ရက်မှ ဇွန် ၂၂ ရက်အထိ၊ EMBF (Online)သင်တန်းအား မတ် ၂၈ ရက်မှ မေ ၃၁ ရက်အထိ သင်တန်းနှင့်သက်ဆိုင်သော စာရွက်၊ စာတမ်းများနှင့်အတူ သတ်မှတ်ထားသော လျှောက်လွှာပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

ရေးဖြေစာမေးပွဲများအား EMBA(ပုံမှန်)သင်တန်းအား မေ ၂၈ ရက်၊ EMPA(Online)သင်တန်းအား ဇွန် ၁၈ ရက်၊ EMDevS (Online)သင်တန်းအား ဇွန် ၂၅ ရက်နှင့် EMBF (Online)သင်တန်းအား ဇွန် ၄ ရက်တို့တွင် အသီးသီးကျင်းပသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here