မစ္စစ္စပီ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ၂၆ ဦး ထက်မနည်း သေဆုံးကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့

0
80

မစ္စစ္စပီနှင့်အလားဘားမားတို့၌ သောကြာနေ့နှောင်းပိုင်းက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ဒေသခံများနှင့်အာဏာပိုင်များ၏ပြောကြားချက်အရသိရသည်။

အဆိုပါလေဆင်နှာမောင်းကြောင့် လူ ၂၅ ဦးသေဆုံးသွားပြီဖြစ်ကြောင်းသိရှိရပြီး ကယ်ဆယ်ထားသည့်သူများအနက်မှ တစ်ဦးမှာ ၎င်းရရှိထားသည့်ဒဏ်ရာများဖြင့်သေဆုံးသွားသဖြင့် စုစုပေါင်း ၂၆ ဦးအထိသေဆုံးမှုရှိနေပြီဖြစ်ကြောင်းသိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေပြီဖြစ်ပြီး ပြည်နယ်ခေါင်းဆောင်ကလည်း ဘေးကင်းရေးအတွက်ဆုတောင်းပေးနေကာ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ဆေးဝါးဆိုင်ရာအကူအညီများကိုလည်း ထောက်ပံ့ပေးနေကြောင်းလည်းသိရသည်။

သမ္မတဘိုင်ဒင်ကလည်း လေဆင်နှာမောင်းကာလအတွင်း ချစ်ခင်ရသူမိသားစုဝင်များအား ဆုံးရှုံးလိုက်ရသူများအတွက် ထပ်တူဝမ်းနည်းမိသည်ဟုလည်းဆိုခဲ့သည်။အချို့မှာမိသားစုဝင်များဆုံးရှုံးသွားပြီး အချို့မှာမိသားစုရောနေအိမ်နှင့်လုပ်ငန်းများပါဆုံးရှုံးသွားရသဖြင့် ထပ်တူစိတ်မကောင်းဖြစ်ရသည်ဟုလည်းပြောကြားခဲ့သည်။

လေဆင်နှာမောင်းကြောင့် အိမ်များပြိုကျပျက်စီး၊လျှပ်စစ်ဓာတ်အားများပြတ်တောက်နေကာ တိရစ္ဆာန်များလည်းလေလွင့်နေကြပြီး လူအများစုမှာလည်းနေအိမ်မရှိကြတော့ကြောင်းသိရသည်။

လေဆင်နှာမောင်းတိုက်ခတ်သွားသဖြင့် သောက်သုံးရေများညစ်ညမ်းနေနိုင်သောကြောင့် ကျိုချက်သောက်ကြရန် ကျန်းမာရေးဌာနကတိုက်တွန်းထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လုပ်နေသည်ဟုလည်းပြောကြားခဲ့သည်။

Source :ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here