ငွေချေးခံသက်သေခံလက်မှတ်ကို နိုင်ငံခြားသားများ ပါဝင်ရောင်းချနိုင်ပြီဟုဆို

0
141

စတော့ရှယ်ယာများကို အွန်လိုင်းဖြင့်လည်း ရောင်းဝယ်နိုင်ပြီး ဝယ်သူနှင့် ရင်းနှီးမြှုပ်နှံသူတွေအနေဖြင့်မိမိတို့နေရာမှာတင် အစုရှယ်ယာများကို ရောင်းဝယ်မှု ပြုလုပ်နိုင်ကာ နိုင်ငံခြားသားများ ပါဝင်‌​ရောင်းချရန် ခွင့်ပြုထားကြောင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

ရန်ကုန်စတော့အိပ်ချိန်း၏ (၇)နှစ်ပြည့်အခမ်းအနားတွင် ၎င်းကထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

”YSX ရဲ့(၇)နှစ်တာဖြတ်သန်းခဲ့တဲ့ကာလမှာ တိုးတက်မှုအနေနဲ့ စာရင်းဝင်ကုမ္ပဏီ (၁)ခုနဲ့စတင်ခဲ့ပြီး စာရင်းဝင်ကုမ္ပဏီ (၇)ခု ၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ(၆)ခု ရှိခဲ့ပါတယ်။ မိမိတို့ နှစ်သက်ရာ စာရင်းဝင်ကုမ္ပဏီများရဲ့ အစု ရှယ်ယာများကို ဝယ်ယူနိုင်ပါတယ်။ Main Board ထက်အရွယ်အစားအားဖြင့် သေးငယ်တဲ့ အများပိုင်ကုမ္ပဏီများ အထူးသဖြင့် SME ၊ MSME လုပ်ငန်း‌​တွေကို စာရင်းဝင်ကုမ္ပဏီ ရောက်ရှိလာအောင် Pre – Listing Boardကို တည်ထောင်ပြီးဖြစ်ပါတယ်။MSMEလုပ်ငန်းများလည်း ဝင်ရောက် ရောင်းဝယ်နိုင်ပြီဖြစ်ပါတယ်။စာရင်းဝင်ကုမ္ပဏီ‌များကို နိုင်ငံတော်က Corporate Income Tax လျော့ပေးထားပါတယ်။နောင်မှာလည်း ငွေချေးစာချုပ် ဈေးကွက် (Corporate Bond Market) ကိုလည်း ထပ်မံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

မြန်မာ့အရင်းအနှီးစျေးကွက်တိုးတက်ဖွံဖြိုးလာစေရန်အတွက် ရန်ကုန်စတော့အိပ်ချိန်း(YSX) ကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ မတ်လ (၂၅)ရက်နေ့တွင်စတော့ရှယ်ယာများ စတင်အရောင်းအဝယ်ပြုလုပ်ခဲ့ရာ ယမန်နေ့ ၂၀၂၃ခုနှစ် မတ်လ ၂၅ ရက်နေ့သည် (၇)နှစ်ပြည့်မြောက်သည့်​နေ့ဖြစ်သည်။

မြန်မာနိုင်ငံတွင်၂၀၀၈ ခုနှစ်၌ Capital Market Development Committee ကို ဖွဲ့စည်းခဲ့ပြီး ၊၂၀၁၃ခုနှစ် ဇူလိုင်လတွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရန် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့‌​ကြောင်း၊ ယင်းအပြင် ငွေချေးသက်သေခံလက်မှတ်များ အခိုင်အမာရှိစေရန် အတွက်ဥပဒေ၊ နည်းဥပဒေများကိုလည်း ၂၀၁၅ခုနှစ်တွင် ပြဌာန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here