တို့တာဝန် အရေး (၃) ပါးကို ထိပါးလာပါက ကိုယ်တိုင်ရှေ့ဆုံးကထွက်မည်….. ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ (၃)

0
222

တို့တာဝန် အရေး (၃) ပါးကို ထိပါးလာပါက မိမိကိုယ်တိုင် ရှေ့ဆုံးမှ ထွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ (၃) ဦးမျိုးဇော်သိန်းက ပြောကြားလိုက်သည်။

မတ်လ (၂၃) ရက်က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်များမှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပါတီ ဒုတိယဥက္ကဋ္ဌ အနေဖြင့် လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်းများနှင့် ပဋိပက္ခများကို ရည်ရွယ်ပြောဆိုခဲ့ခြင်းဖြစ်ဟန်တူသည်။

ထို့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်မြေ​ပေါ် နိုင်ငံရေးပါတီ ဖြစ်သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို အားမပေးကြောင်းလည်း ဦးမျိုးဇော်သိန်းက ထည့်သွင်း ပြောကြားသွားသည်။

ကြံ့ခိုင်ရေးပါတီဝင်များသည် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး နှင့် ဒေသအကျိုးကို လုပ်ကိုင်နေကြသူများဖြစ်၍ စေတနာကောင်းထားပြီး လုပ်ကိုင်ရန်လိုအပ်ကြောင်းကို ပါတီဝင်များအား မှာကြားခဲ့သည်။

ထို့အပြင် ပါတီဝင်များ အနေဖြင့် လုပ်ကိုင်ဆောင်ရွက်မှုများအားလုံးကို အသွင်သစ် အမြင်သစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုအပ်ပြီး စုဖွဲ့မှု့များ မှန်ကန်ရန် လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

ဦးမျိုးဇော်သိန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက ပြုလုပ်သည့် ကြံ့ခိုင်ရေးပါတီ တတိယအကြိမ် ညီလာခံတွင် အသစ်ရွေးချယ်ဖွဲ့စည်းလိုက်သည့် ဗဟို အလုပ်အမှုဆောင် ကော်မတီတွင် ပါတီဒုတိယ ဥက္ကဋ္ဌ (၃) အဖြစ် ပါဝင်လာသည့် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်သည်။

လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦး​ဆောင်​သော ပါတီ ထိပ်ပိုင်းခေါင်းဆောင်များသည် နိုင်ငံအနှံ့လှည့်လည်ကာ ပါတီဝင်များနှင့် တွေ့ဆုံမှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here