ပင်လယ်ဓားပြရဟတ်စင်အတက်လမ်းပြိုကျ၍ ထိခိုက်ဒဏ်ရာရသူများပြား

0
308

ပဲခူးတိုင်း၊ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ရှိ ပင်လယ်ဓားပြရဟတ်စင်၏ အ တက်လမ်းသည် မတ် ၂၆ ရက်ညပိုင်းကပြိုကျ၍ ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း တူ ညီမေတ္တာရှင်အသင်းမှ သိရသည်။

ယမန်နေ့ညက ရွှေမော်ဓောဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်၌ ပင်လယ်ဓားပြရဟတ်စင်အတက်လမ်းပြိုကျခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ တူညီမေတ္တာရှင်အသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“အတက်လမ်းကိုစုပြုံတက်ကြတော့ လူဝိတ်ပိုမခံနိုင်ဘဲပြိုကျသွားတာ ထိခိုက်မိတဲ့လူတွေများတယ် အနည်းအကျဥ်းထိတဲ့လူတွေလည်းရှိတယ် ကြီးကြီးမားမားဒဏ်ရာရတဲ့လူတွေလည်းရှိတယ် “ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား တူညီမေတ္တာရှင်လူမှုကူညီရေးအသင်းကားများဖြင့် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here