မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) မြစ်ကူးတံတားတည်ဆောက်မှု ၂၀၂၄ ခုနှစ်တွင် ပြီးစီးရန်မျှော်မှန်းထား

0
134

လက်ရှိတည်ဆောက်နေသည့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး(ဒလ) တံတား ရန်ကုန်ဖက်အခြမ်း ချဉ်းကပ်တံတားတွင် ပီစီဂါဒါအားလုံးတင်ပြီး ကွန်ကရစ်တက်ဆလပ်လောင်းပြီးဖြစ်ကာ ဆင်ခြေလျှောတံတားနှစ်စင်းကိုလည်းသံမဏိသံ​ဘောင်ရက်မ တင်သည့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း ၊ယင်းအပြင် မကြာမီ ချဉ်းကပ်တံတား၊ ချဉ်းကမ်းလမ်းပိုင်းများ ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်းသိရသည်။

အလားတူ ဒလဘက်ခြမ်းတွင်လည်း ကြိုတင်အားဖြည့် ကွန်ကရစ်ရက်မ ပီစီဂါဒါတင်သည့် လုပ်ငန်းများဆောင်ရွက်နေပြီး  ကွန်ကရစ်ဆလပ်လောင်းသည့်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တံတား၏ပင်မတံတားသည် ရေလယ်ခေါင်က PY-1 နဲ့ PY2 ဖြစ်ခြင်းကြောင့် PY-1သည် မီတာ ၅၀ အမြင့်ကိုရောက်နေပြီး ရန်ကုန်ဘက်ခြမ်းရှိ PY-2 အမြင့်သည် ၄၅ မီတာနီးပါး ရောက်နေပြီဖြစ်ကြောင်းသိရသည်။

တံတားတစ်စင်းလုံးအနေဖြင့် ၅၄ ရာခိုင်နှုန်းပြီးစီးနေပြီး သံမဏိကြိုးဆိုင်းတံတားသည် ပင်မတံတားကြီးဖြစ်ကာ ယခုနှစ်စက်တင်ဘာလမှစတင်ပြီး အပိုင်းလိုက် ကေဘယ်လ်ကြိုးများ စတင်တပ်ဆငွတည်ဆောက် သွားမည် ဖြစ်ကြောင်း  သိရသည်။

ယင်းအပြင် ဆင်ခြေလျှောတံတားများနှင့် ချဉ်းကပ်တံတား၊ ချဉ်းကပ်လမ်းပိုင်း လုပ်ဆောင်မှုသည် ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်သည်။

မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး(ဒလ) တံတားကြီးတစ်ခုလုံး တည်ဆောက်မှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြီးစီးရန်မျှော်မှန်းထားကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ တံတားစီမံကိန်းတွင် အဓိကကန်ထရိုက်တာအဖြစ် ကိုရီးယားနိုင်ငံ GS Engineering Group က တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းကုန်ကျမည်ဖြစ်ကာ အဆိုပါ ကုန်ကျငွေကို ကိုရီးယားနိုင်ငံ EDCS ချေးငွေဖြင့် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းသတ်မှတ်ကာ  နှစ် ၄၀ ချေးငွေဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here