ရခိုင်တွင် အဝေးပြေးခရီးသည်တင်ကားနှင့်အိမ်စီးကား မျက်နှာချင်းဆိုင်တိုက်၊ အိမ်စီးကားမောင်းသူသေဆုံး

0
164

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်တွင် အဝေးပြေးခရီးသည်တင်(Express)ကားနှင့်အိမ်စီးကားတို့တို့ မတ် ၂၆ ရက်ညနေကတိုက်မိခဲ့ကြောင်း ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ညနေ ၄ နာရီခွဲခန့်က ကျောက်တော်မြို့နယ်ရှိ ရန်ကုန်-စစ်တွေသွားကားလမ်း၏ ကွမ်းအုံချောင်းကျေးရွာအနီး၌ “ရွှေရည်ဆုဝေ”အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းမှ ခရီးသည်တင်(Express)ကားနှင့်အိမ်စီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီးနောက် ခရီးသည်တင်(Express)ကားမှာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“ကွမ်းအုံချောင်းရွာနားက ပီကောက်ဝတံတားအဆင်းမှာဖြစ်တာ အတော်အခြေအနေဆိုးဆိုးနဲ့တိုက်မိသွားတာ အိမ်စီးကားကရှေ့ခေါင်းခန်းတစ်ခုလုံးအကောင်းမကျန်တော့ဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် အိမ်စီးကားမောင်းသူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ခရီးသည်တင်(Express)ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၂ ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးတို့အား ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here