ငွေကြေးခိုင်မာမှု မရှိ၍ ပြိုလဲသွားသော ဆီလီကွန် ဗယ်လီဘဏ်ကို ဖက်စ် စီတီဇင်စ် ဘဏ်က ဝယ်ယူ

0
99

မကြာသေးမီက ပြိုလဲသွားသော ဆီလီကွန် ဗယ်လီဘဏ် (SVB)ကို ရာလီ အခြေစိုက် ဖတ်စ် စီတီဇင်စ် ဘဏ် (First Citizens Bank) က ဝယ်ယူရန် သဘောတူခဲ့ကြောင်း ဖယ်ဒရယ် အပ်ငွေ အာမခံ ကော်ပိုရေးရှင်း (FDIC) က မတ်လ ၂၆ ရက် တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

တနင်္လာနေ့မှစ၍ SVB ၏ ဘဏ်ခွဲ ၁၇ ခုစလုံးကို ဖက်စ် စီတီစင်စ်၏ ဘဏ်ခွဲများအဖြစ် ဖွင့်လှစ်သွားမည်ဟု FDIC က ဆိုသည်။ ဖက်စ် စီတီစင်စ်သည် SVB ၏ အပ်ငွေနှင့် ချေးငွေများ အားလုံးအပြင် ၎င်း၏ ပိုင်ဆိုင်မှု အများအပြားကိုပါ ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း FDIC က ပြောသည်။

ဆီလီကွန် ဗယ်လီဘဏ် ပြိုလဲမှုသည် အစိုးရ၏ အပ်ငွေ အာမခံ ရန်ပုံငွေကို ဒေါ်လာ ၂၀ ဘီလျံခန့် ဆုံးရှုံးစေခဲ့သည်ဟုလည်း FDIC က ခန့်မှန်းထားသည်။

ဆီလီကွန် ဗယ်လီဘဏ်သည် ယခုလအစောပိုင်းတွင် ငွေကြေးခိုင်မာမှု မရှိတော့ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် စတော့ရှယ်ယာများ ပြိုလဲကာ ဘဏ္ဍာရေး အာဏာပိုင်များ၏ ပိတ်သိမ်းခြင်းကို ခံခဲ့ရသည်။ ထိုသို့ ပိတ်သိမ်းခံရချိန်တွင် SVB သည် အမေရိက၏ ၁၆ ခုမြောက် အကြီးဆုံးဘဏ်အဖြစ် ရပ်တည်နေချိန်လည်း ဖြစ်ပြီး ၎င်းပြိုလဲမှုသည် ကမ္ဘာ့ဘဏ္ဍာရေးနယ်ပယ် တစ်ခုလုံးကိုပါ တုန်လှုပ်စေခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here