အစ္စရေးအသင်းကို ဆန္ဒပြမှုများကြောင့် ဘာလီ ယူ-၂၀ ကမ္ဘာ့ဖလား အဖွဲ့ခွဲ မဲနှိုက်ပွဲကို ရွှေ့ဆိုင်းလိုက်ရ

0
102

လာမည့်အပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပရန် စီစဉ်ထားသည့် ယူ-၂၀ ကမ္ဘာ့ဖလား အဖွဲ့ခွဲ မဲနှိုက်ပွဲကို အစ္စရေးအသင်းပါဝင်မှုနှင့် စပ်လျဉ်း၍ ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာန က ဖော်ပြထားသည်။

ဘာလီ ပြည်နယ်အုပ်ချုပ်ရေးမှူးက ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အစ္စရေး လက်ရွေးစင်အသင်း ပါဝင်သွားမည့်အပေါ် ကန့်ကွက်ခြင်းကြောင့် ယခုကဲ့သို့ ရွေ့ဆိုင်းလိုက်ရခြင်း ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှားဘောလုံးအသင်း (PSSI) က ပြောထားသည်။

ဘာလီ ပြည်နယ်အုပ်ချုပ်ရေးမှူး ဝေရန် ကော်စတာသည် ပါလက်စတိုင်း အရေးအခင်းကြောင့် အစ္စရေး ဘောလုံးအသင်းကို ဘာလီ၌ ယှဉ်ပြိုင်ခွင့် မပြုကြောင်းနှင့် ထိုမူဝါဒကို လိုက်နာပေးရန် တောင်းဆိုသည့် စာတစ်စောင်ကို လူငယ်နှင့် အားကစား ဝန်ကြီးဌာနထံသို့ ပေးပို့ခဲ့ကြောင်း ဂျာကာတာပို့စ် သတင်းစာက ယခုလအစောပိုင်းတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ယခုလအစောပိုင်းကလည်း ဆန္ဒပြသူများသည် မြို့တော် ဂျာကာတာတွင် အင်ဒိုနီးရှားနှင့် ပါလက်စတိုင်း အလံများ ဝှေ့ယမ်းကာ အစ္စရေးအသင်းကို ယူ-၂၀ ၌ ယှဉ်ပြိုင်ခွင့် မပြုရန် တောင်းဆိုသည့် ချီတက်ပွဲများ ပြုလုပ်ခဲ့သည်။

နိုင်ငံအသင်း ၂၄ သင်း ပါဝင်သည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မေလ ၂၀ ရက်မှ ဇွန်လ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံရှိ မြို့ကြီး ၆ မြို့၌ ကျင်းပသွားရန် စီစဉ်ထားသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here