ကန်ဒုသမ္မတကမ်မလာဟဲရစ်က အာဖရိကရင်းနှီးမြှုပ်နှံမှုများပိုမိုပြုလုပ်ရန်ကတိပြု

0
104

အာခရာ၊မတ် ၂၇

အမေရိကသည် ပြိုင်ဘက်တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကိုတန်ပြန်ရန်ရည်ရွယ်လျက် ကန်ဒုသမ္မတ၏တစ်ပတ်ကြာအာဖရိကခရီးစဉ်အတွင်း အမေရိကအနေဖြင့် အာဖရိကစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် စေ့ဆော်ပေးသည့်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း မစ္စဟဲရစ်က ကတိပြုပြောကြားခဲ့သည်။

တရုတ်သည်လည်းမကြာသေးမီဆယ်စုနှစ်များအတွင်း အခြေခံအဆောက်အဦနှင့်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အာဖရိက၌ရင်းနှီးမြှုပ်နှံမှုများကြီးကြီးမားမားပြုလုပ်ခဲ့ပြီး ရုရှားကလည်း ၎င်း၏ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာအဖွဲ့အစည်း ဗာဂလာတပ်ဖွဲ့ဝင်များအား အာဖရိက၌ဖြန့်ကျက်ထားခြင်းဖြင့် နိုင်ငံအများအပြားရှိအစိုးရများကိုကူညီပေးရန်ကြိုးပမ်းလျက် အာဖရိကဩဇာလွှမ်းမိုးမှုများလာခဲ့သည်။

ထို့ကြောင့် သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် ပြိုင်ဘက်အင်အားကြီးနိုင်ငံများနေရာ၌အစားထိုးရွေးချယ်ရန် အာဖရိကနှင့်ဆက်ဆံရေးအားကောင်းစေရန်ကြိုးပမ်းနေဆဲဖြစ်သည်။

ဒီဇင်ဘာလကလည်း အမေရိက – အာဖရိကထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာဖရိကအတွက် ကန်ဒေါ်လာ ၅၅ ဘီလျံကတိပြုခဲ့ပြီး ကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်သည်လည်း နီဂါသို့သွားရောက်လည်ပတ်ခဲ့စဉ် အာဖရိက အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအသစ် ကန်ဒေါ်လာသန်း ၁၅၀ ကိုကြေငြာခဲ့သည်။

ကန်ဒုသမ္မတဟဲရစ်သည် မတ် ၂၆ မှ ၂၉ ရက်အထိဂါနာ၌ရှိနေမည်ဖြစ်ကာ တန်ဇနီးယား၌ မတ်လ ၂၉  မှ ၃၁ ရက်နေ့ အထိရှိမည်ဖြစ်ပြီး သူသည် ဇမ်ဘီယာသို့နောက်ဆုံးသွားရောက်မည်ဖြစ်ကာ မတ်လ ၃၁ မှ ဧပြီ ၁ ရက်ကာလများတွင် သုံးနိုင်ငံသမ္မတများနှင့်တွေ့ဆုံမည်ဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here