မျှော်မှန်းထားသည့် ပြည်ပကုန်သွယ်မှုဝင်ငွေများ ကျော်လွန်ရရှိထား

0
120

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုမှ ကုန်သွယ်မှုဝင်ငွေသည် မျှော်မှန်းထားသည့်ပမာဏထက် ကျော်လွန်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံ နှင့် သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ စုစုပေါင်း ၂၉ ဒသမ ၅ ဘီလီယံမျှော်မှန်းထားပြီး ယခုအခါ ဧပြီလ ၁ ရက်မှ မတ်လ ၁၇ ရက်အထိ ပို့ကုန်တင်ပို့မှုမှ ၁၅ ဒသမ ၉၅ ဘီလီယံ၊ သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇၀ ဘီလီယံစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၆၅ ဘီလီယံရရှိထားပြီး ကန်ဒေါ်လာ ၃ ဒသမ ၁၅ ဘီလီယံပိုမိုရှိထားခြင်းဖြစ်သည်။

၃၀ဘီလီယံနီးပါး ​မျှော်မှန်းထားရာမှ ကုန်သွယ်​ငွေသည် ၃၂ ဘီလီယံခွဲရှိ​နေပြီဖြစ်သည်။

ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောတင်ပို့မှုနှင့် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အများဆုံးဝင်ငွေရရှိထားပြီး၊ သွင်းကုန်ကဏ္ဍတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းနှင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို အများဆုံးတင်သွင်းထားကြောင်း ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

Photo Credit – Myanmar Logistics Guide


LEAVE A REPLY

Please enter your comment!
Please enter your name here