ဦးသိန်းစိန်၊ဦးတင်​အေးအပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများအားကာကွယ်​ရေးဦးစီးချုပ်က ဂါရဝပြုကန်တော့ခဲ့

0
139

ကာကွယ်​ရေးဦးစီးချုပ်နှင့်ဇနီးတို့မှ မတ် ၂၇ ရက်(ယနေ့) တွင် ကျရောက်သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် အငြိမ်းစားတပ်မ​တော်အရာရှိကြီးများဖြစ်သည့် သမ္မတ​ဟောင်းဦးသိန်းစိန်၊​ရွေး​ကောက်ပွဲ​ကော်မရှင်ဥက္ကဌ​ဟောင်းဦးတင်​အေးအပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီး ၁၉ ဦးနှင့်ဇနီး ၇ ဦးတို့အား မတ် ၂၇ ရက်နေ့လည်က ဂါရဝပြုတွေ့ဆုံကန်တော့ခဲ့သည်။

အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများသည် မိမိတို့၏ မိဘဆရာများပင်ဖြစ်၍ မိမိတို့အနေဖြင့် နှစ်စဉ်နှစ်တိုင်း ယခုအချိန်ကာလတွင် ဂါရဝပြုကန်တော့လျက်ရှိပြီး ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ အထက်အောက်ရိုသေလေးစားမှုဖြင့် ကျေးဇူးတရားကိုသိရှိစွာ ဂါရဝပြုကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာကောင်း တစ်ခုပင် ဖြစ်သည်ဟု နစက ဥက္ကဋ္ဌမှ ဂါရဝစကားပြောကြားကာ ကန်တော့ပြီးနောက် ဂါရဝပြုလက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြသည်။

ကန်တော့ခံအငြိမ်းစား တပ်မတော်အရာရှိကြီးများကိုယ်စား ဒု-ဗိုလ်ချုပ်ကြီးထွန်းကြည်(ငြိမ်း)
နှင့်ဗိုလ်ချုပ်ကြီးသိန်းစိန်(ငြိမ်း) တို့ကလည်း ဩဝါဒစကားများပြန်လည်ပြောကြားခဲ့ကြသည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် မတ် ၂၆ ရက်ညနေကလည်း နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခိုနေသော (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်မည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တစ်ဦးချင်းဆီဂါရဝပြုတွေ့ဆုံနှုတ်ဆက်၍ ကျန်းမာရေး၊လူမှု ရေးဆိုင်ရာလိုအပ်ချက်များကိုမေးမြန်းကာ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။

ယမန်​နေ့ကတွေ့ဆုံနှုတ်ဆက်စဥ် နစက ဥက္ကဋ္ဌမှ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊တပ်မတော်နှင့်ပြည်သူတို့လက်တွဲ၍ တက်ညီလက်ညီဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ပြည်သူလူထု၏ အကျိုးစီးပွားမြင့်မားရေးနှင့်နိုင်ငံ့ကောင်းကျိုးတို့ကိုသာ အစဉ်ဦးထိပ်ထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here