ကားဖြင့်တိုက်မိ၍ အမျိုးသားတစ်​ယောက် ဦးခေါင်းပွင့်ထွက်သေဆုံး၊ ဝင်တိုက်သည့်ကားမောင်းပြေး

0
104

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၌ မတ် ၂၈ ရက်(ယနေ့)နံနက်အစောပိုင်း ၄ နာရီခန့်မှာ ဟောင်လိတ်- သားငယ်ဝပ်ရှော့လမ်းမှ ပါလျှံ ၂ ဘက်သို့သွားသည့်လမ်းဆုံတွင် အသက် (၄၀)နှစ်ကျော်ခန့်ရှိ အမည်မသိအမျိုးသား ၁ ဦးအား ကား ၁ စီးကတိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ကားဖြင့်တိုက်ခံခဲ့ရသည့် အမျိုးသားသည် ဦးခေါင်းပွင့်ထွက်ကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“အခင်းဖြစ်စဥ်ကို ယာဥ်ထိန်းအဖွဲ့ဆီအကြောင်းကြားတယ်။ နောက် တာဝန်ရှိတဲ့လူတွေ ဖြစ်စဥ်ကိုစစ်ဆေးပြီးတဲ့အချိန်မှာ ရုပ်အလောင်းကိုဆေးရုံပို့ပေးခဲ့ပါတယ်။ ဖြစ်စဥ်အတိအကျကိုတော့ ယာဥ်ထိန်းတပ်ဖွဲ့က စစ်ဆေးနေကြတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here