ရွှေဘိုမြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံး ကလေးငယ် ၂ ဦးအပါအဝင် ၁၉ ဦးဒဏ်ရာရ

0
60

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်တွင် မတ် ၂၈ ရက် (ယနေ့)မွန်းတည့်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီကျော်ခန့်က ရွှေဘိုမြို့နယ်ရှိ ချောင်းကူးတံတားတစ်ခုပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အခင်းဖြစ်စဥ်က ဖြတ်သန်းသွားသည့် ဒိုင်နာကားတစ်စီးပေါ်လိုက်ပါလာသူများတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များနှင့်အတူ ဒေသခံလူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီး မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရခဲ့ကြသည့် ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသား ၁၂ ဦးနှင့်အမျိုးသမီး ၈ ဦး(စုစုပေါင်း ၂၀ ဦး)တို့အား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးစဥ် မိုင်းစထိမှန်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့သည့် အမျိုးသား ၁ ဦးမှာ ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးအရောက်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“စိုးရိမ်ရဒဏ်ရာရတဲ့လူတွေထဲက ၁ ယောက်က ဆေးရုံရောက်ရောက်ချင်းမှာပဲသေဆုံးသွားတယ်။ ကျန်တဲ့ စိုးရိမ်ရဒဏ်ရာရတဲ့လူတွေကို မန္တလေးပြည်သူ့ဆေးရုံကြီးထပ်ပြီး လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here