ဂျာမနီတွင် အလုပ်သမားသပိတ်ကြောင့် သယ်ယူပို့ဆောင်ရေးများ ရပ်တန့်

0
80

ဂျာမနီနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသော လမ်းလျှောက်သပိတ်ကြောင့် နိုင်ငံတစ်ဝှမ်းရှိ လေဆိပ်များ၊ ဘတ်စ်ကားများနှင့် ရထားဘူတာရုံများသည် တနင်္လာနေ့တွင် အားလုံးရပ်တန့်နေခဲ့ပြီး လူသန်းပေါင်းများစွာကို အခက်အခဲဖြစ်စေခဲ့သည်။

Verdi အလုပ်သမားများ သမဂ္ဂနှင့် မီးရထားနှင့် သယ်ယူပို့ဆောင်ရေးသမဂ္ဂ EVG တို့က စုစည်းစီစဉ်သော ၂၄ နာရီကြာ “သတိပေးချက်” သပိတ်များ ယမန်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အစိုးရနှင့် အပေးအယူ ညှိနှိုင်းမှု မအောင်မြင်ပါက နောက်ထပ်သပိတ်များ ဖြစ်ပေါ်လာနိုင်သည့် သုံးရက်ကြာ ဆွေးနွေးပွဲကို စတင်ခဲ့သည်။

၂၇ လတာကာလအတွင်း လုပ်ခလစာ ၅ ရာခိုင်နှုန်းတိုးပေးမည်ဟု အလုပ်ရှင်များက ကမ်းလှမ်းခဲ့ပြီးနောက် အလုပ်သမားများဖက်မှထပ်မံ၍ တစ်ကြိမ်တည်းပေးချေမှု ယူရို ၂၅၀၀ (ဒေါ်လာ ၂၇၀၀) မှ ဂဏန်းနှစ်လုံး မြင့်တက်လာစေရေးကို ထပ်မံတောင်းဆိုနေခြင်းသည် ယခုနှစ် ဖေဖော်ဝါရီလတွင် ငွေကြေးဖောင်းပွမှု ၉ ဒသမ ၃ ရာခိုင်နှုန်းအထိ ရောက်ရှိနေသည့်ကြားတွင် ယင်းအဆိုပြုတောင်းဆိုချက်များအားလက်ခံနိုင်ဖွယ်မရှိကြောင်း အလုပ်ရှင်များကဆိုကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here