ဟာဝိုင်အီတွင် ခြင်သန်းပေါင်းများစွာကို မကြာမီလွှတ်ပေးမည်

0
140

ဟာဝိုင်အီကျွန်းစုများရှိ မာအီကျွန်းတွင် ခြင်သန်းပေါင်းများစွာကို မကြာမီလွှတ်ပေးတော့မည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားသည်။

ဟာဝိုင်အီကျွန်းရှိ ဒေသခံငှက်မျိုးစိတ် အများအပြားသည် မျိုးသုဉ်းမည့် အန္တရာယ်ရှိနေပြီး တစ်စိတ်တစ်ပိုင်းမှာ ငှက်ဖျားရောဂါ ပျံ့နှံ့မှုကြောင့် ဖြစ်သည်။ ငှက်ဖျားပိုးသယ်ဆောင်ထားသော ခြင်အမများသည် ဟာဝိုင်အီဒေသခံငှက်များဆီသို့ လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းကပင် ငှက်ဖျားရောဂါများ ကူးစက်စေခဲ့ပြီး ယခုအခါ အပူချိန်များ မြင့်မားလာသည်နှင့်အမျှ ယင်းခြင်များသည် တောင်များပေါ်သို့ ရွေ့လျားလာကာ အခြားငှက်များကိုပါ ကူးစက်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ရှင်းပြသည်။

ထို့ကြောင့် အဆိုပါ ငှက်ဖျားခြင်ကောင်များကို နှိမ်နင်းခြင်းဖြင့် တောငှက်များသို့ ငှက်ဖျားရောဂါကူးစက်မှု လျှော့ချရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဥယျာဉ်ဌာနမှ တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။ စီမံကိန်းဧရိယာရှိ ခြင်အမများ မျိုးပွားနိုင်ချေကို လျှော့ချရန်အတွက် ယင်းတို့နှင့် သဟဇာတမဖြစ်သော ခြင်အထီးများကို တောထဲသို့ ထပ်ခါတလဲလဲ လွှတ်ပေးခြင်း အင်းဆက်နည်းပညာ အသုံးပြုခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်ကြားတွင် အများပြည်သူထံမှ သုံးသပ်ချက်များကောက်ခံရာတွင် ပြန်လည်ပေးပို့သော သုံးသပ်ချက် စုစုပေါင်း ၈၅၃ ခုဖြင့် ထောက်ခံမှုများကို လက်ခံရရှိခဲ့သည်။

သောကြာနေ့တွင်၊ ပြည်နယ်၏မြေယာနှင့်သဘာဝအရင်းအမြစ်များဘုတ်အဖွဲ့သည် အဆိုပါ စီမံကိန်းကို ရှေ့ဆက်ရန်တညီတညွတ်တည်း ဆန္ဒပြုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here