ဧပြီလ ၁ ရက်မှစတင်ပြီး Myanmar Trade net 2.0 စနစ်တွင် ပို့ကုန်လိုင်စင်လျှောက်ထားမှသာ တင်ပို့ခွင့်ပြုမည်

0
209

လာမည့် ဧပြီလ ၁ ရက်မှစတင်ပြီး ပြည်ပသို့ ပို့ကုန်တင်ပို့မည်သူများအနေဖြင့် Myanmar Trade net 2.0 စနစ်တွင် ပို့ကုန်လိုင်စင်လျှောက်ထားမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန သတင်းအချက်အလက်နည်းပညာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဦးကျော်စိုးဝင်းကပြောသည်။

ယနေ့ မတ်လ(၂၉) ရက် ကုန်သည်စက်မှုအသင်းချုပ်ရုံးတွင် ပြုလုပ်သည့် အလိုအလျောက် ပို့ကုန်လိုင်စင်ထုတ်ပေးမည့် Tradenet 2.0 စနစ်အသုံးပြုမှုနှင့်ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က အဆင့်လိုက်ဆောင်ရွက်သွားမှာပါ၊ လက်ရှိအနေထားမှာတော့ ပို့ကုန်ပိုင်းကို ဦးစားပေးအနေနဲ့ အရင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အဲဒါပြီးရင်သွင်းကုန်ပိုင်းပေါ့။ သွင်းကုန်ပိုင်းမှာဆိုရင်လည်း ကျွန်တော်တို့ ထပ်ပြီးတော့ဆောင်ရွက်သွားပါမယ်။ ၂၀၂၂ အတွင်းမှာဆိုရင် ပို့ကုန်လိုင်စင် တစ်သိန်းကျော်ရှိတယ်။ ၂၀၂၃ မှာဆိုရင် ပို့ကုန်လိုင်စင်လျှောက်ထားသူက များလာမှာ။ ယခင်တုန်းကလိုင်စင်ကို လိုင်စင်ယူရတဲ့ဟာနဲ့ လုံးဝကိုမယူရဘူးဆိုတဲ့ဟာနဲ့ သွားခဲ့တာ။ အခုချိန်မှာတော့ လိုင်စင်တော့လျှောက်ရမယ်။ လျှောက်ရတဲ့အပေါ်မှာ system ကနေတိုက်ရိုက်ထုတ်ပေးတယ့်ဟာမျိုးတွေ သွားမှာဖြစ်တဲ့အတွက် အကုန်လုံးကလိုင်စင်ပြန်လျှောက်ရမယ့်ဟာမျိုးဖြစ်တဲ့အတွက် လိုင်စင်လျှောက်ထားမှုတွေက ပိုလာမှာပါ”ဟု၎င်းကဆိုသည်။

ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့သော ကုန်စည်များအတွက် ပို့ကုန်လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည်လိုင်းများကို Myanmar Trade net 2.0 စနစ်တွင် ပို့ကုန်လိုင်စင်လျှောက်ထားပြီးမှသာ တင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ အရ HS Code 10 digit ဖြင့် နောက်ဆက်တွဲပါ ကုန်စည်လိုင်းများကို တင်ပို့ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ Myanmar Tradenet 2.0 စနစ်တွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here