လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်တွင် Level 3 အဆင့် မီးလောင်မှုဖြစ်ပွားနေ

0
209

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်၊မောင်ကျန်သီးလမ်းတွင် မတ် ၂၉ ရက် (ယနေ့)နေ့လည် ၃ နာရီ ၂၇ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော်လည်း မီးလောင်အားများသဖြင့် Level 2 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြပြီး နေ့လည် ၃ နာရီ ၃၄ မိနစ်တွင် Level 3 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ရလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here