ရွှေလင်ဗန်းစက်မှုဇုန်ရှိ Sweety Home မွေ့ယာစက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွား ၊ (၁) နာရီ ဝန်းကျင်ကြာသည်အထိ မီးမထိန်းနိုင်သေး

0
241

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းရှိ Sweety Home မွေ့ယာစက်ရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားလျက်ရှိပြီး (၁) နာရီကြာ ကြာမြင့်သည်အထိ မီးထိန်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ Level 3 အဆင့် သတ်မှတ် ငြှိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

” မီးက တော်တော်လေးများတယ် ။ အထဲမှာ လှိုက်လောင်နေတာ ။ မွေ့ယာစက်ရုံဆိုတော့ လောင်စာလည်းများတယ် ။ အခုထိတော့ Level 3 သတ်မှတ်ထားတုန်းပဲ ” ဟု မြေပြင်သို့ ရောက်ရှိနေသည့် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ ယနေ့ မတ်လ (၂၉) ရက် မွန်းလွဲ (၃) နာရီ (၁၅) မိနစ်အချိန်ခန့်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ကြိုးစားငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here