ဖာဂူဆန် နဲ့ အာဆင်ဝင်းဂါး တို့ကို
ပရီးမီးယားလိဂ် Hall of Fame စာရင်းဝင် နည်းပြ ၂ ယောက်အဖြစ် ဂုဏ်ပြု

0
146

ပရီးမီးယားလိဂ်ဟာ သက်တော်ရှည်နည်းပြကြီး ၂ ဦးဖြစ်သည့် ဆာအဲလက်စ် ဖာဂူဆန် နဲ့ အာဆင်ဝင်းဂါး တို့ကိုပထမဆုံး ပရီးမီးယားလိဂ် Hall of Fame စာရင်းဝင် နည်းပြ ၂ ယောက်အဖြစ် ယနေ့တွင် ဂုဏ်ပြုလိုက်သည်။

ဆာအဲလက်စ် ဖာဂူဆန်သည် ဗြိတိန်ဘောလုံးသမိုင်းတွင်အအောင်မြင်ဆုံးနည်းပြဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်ရရှိခဲ့ဖူးသည်။

အာဆင်၀င်းဂါး သည်လည်း အာဆင်နယ်အသင်းနှင့်အတူ ၂၀၀၃/၂၀၀၄ ဘောလုံးရာသီ၊ အင်္ဂလိပ်ဘောလုံးသမိုင်းတလျောက် ရှုံးပွဲမရှိ ချန်ပီယံဆု ရယူနိုင်ခဲ့သူလည်းဖြစ်သည်။

Premier League Hall of Fame သည် အင်္ဂလန်၏အဆင့်အမြင့်ဆုံးထိပ်တန်းလိဂ်ဖြစ်​သော ပရီးမီးယားလိဂ်တွင် ကစားပြီး စီမံခန့်ခွဲခဲ့ကြသည့်ဘောလုံးကစားသမားများနှင့်မန်နေဂျာများကို ဂုဏ်ပြုခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here