လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ စက်ရုံမီးလောင်မှုအား တစ်နာရီကျော်ခန့်ငြိမ်းသတ်ပြီးနောက်မီးငြိမ်းသွားခဲ့

0
286

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်၊မောင်ကျန်သီးလမ်းရှိ Sweety Home မွေ့ယာစက်ရုံတွင် မတ် ၂၉ ရက်(ယနေ့)နေ့လည် ၃ နာရီ ၂၇ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 2 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော်လည်း မီးငြိမ်းခြင်းမရှိ၍ နေ့လည် ၃ နာရီ ၃၄ မိနစ်၌ Level 3 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ညနေ ၄ နာရီ ၁၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၄ နာရီ ၂၉ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

“မီးလောင်လွယ်တဲ့ပစ္စည်းတွေရှိနေတဲ့အတွက် တော်တော်နဲ့ငြှိမ်းလို့မရတာပါ အခုတော့ငြိမ်းသွားပါပြီ။ တစ်နာရီကျော်လောက်ကြာသွားတယ်။ မီးကြွင်းမီးကျန်မရှိအောင် အခုစောင့်ကြည့်နေပါတယ်။ ထိခိုက်ဒဏ်ရာရသူကတော့ အခုချိန်ထိမတွေ့ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here