ညောင်ဦးမြို့နယ်၌ ဆီသိုလှောင်ခြံမီးလောင်မှုဖြစ်ပွား

0
194

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ခွေးပြုတ်ကျေးရွာအနီးရှိ ဆီသိုလှောင်ခြံတွင် မတ် ၂၉ ရက်မွန်းလွဲပိုင်း ၂ နာရီ ၃၇ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွား၍ တောင်ဇင်းနယ်မြေမီးသတ်စခန်း၊ညောင်ဦးခရိုင်/မြို့နယ်မီးသတ်စခန်း၊အမှတ် ၅ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ Bagan Rescue အသင်းသားများ၊ ဂရုဏာရှင်နာရေးအခမဲ့ကူညီမှုအသင်းတို့မှဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် မွန်းလွဲ ၂ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

“မီးလောင်မှုဖြစ်စဥ်နဲ့ဆုံးရှုံးမှုကို မီးသတ်ကစစ်တယ်။ ဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး အဆောင်အဦးတွေလည်းမပျက်စီးပါဘူး ဆီထည့်ထားတဲ့ ပေပါတွေလောင်သွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here