ပုပ်ရဟန်းမင်းကြီး အသက်ရှူလမ်းကြောင်း ပိုးဝင်, ဆေးရုံတင်ထားရ

0
174

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါ ခံစားနေရသည့်အတွက် ကြောင့် ဆေးရုံတွင် ရက်အနည်းငယ်ကြာ ဆေးကုသမှုခံယူရမည်ဖြစ်ကြောင်း ဗာတီကန်က မတ်လ ၂၉ ရက် ဗုဒ္ဓဟူးနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အသက် ၈၆ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးသည် ပြီးခဲ့သည့်ရက်များအတွင်း အသက်ရှူရခက်ခဲခြင်းကြောင့် ညည်းတွားခဲ့ဖူးသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ခံထားရခြင်း မဟုတ်ကြောင်းကိုလည်း ထည့်သွင်းပြောထားသည်။

အဆိုပါထုတ်ပြန်ချက်သည် ပုပ်ရဟန်းမင်းကြီးအား ရောမမြို့ရှိ ဂျင်မဲ့လီ တက္ကသိုလ်ဆေးရုံသို့ ရုတ်တရတ် ခေါ်ဆောင်သွားပြီး ဆေးစစ်ကြည့်ခဲ့ရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့ရာတွင် ပုပ်ရဟန်းမင်းကြီး ခံစားနေရသော ရောဂါအမျိုးအစားနှင့် မည်သို့သော ကုသမှုမျိုး ခံယူသွားရမည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here