နေ၏ ဒြပ်ထုထက် အဆပေါင်း ၃၃ ဘီလျံကြီးမားသည့် တွင်းနက်ကြီးတစ်ခု သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

0
189

နေ၏ဒြပ်ထုထက် အဆပေါင်း ၃၃ ဘီလျံကြီးမားသည့် တွင်းနက်ကြီးတစ်ခုကို ဗြိတိန်နိုင်ငံမှ နက္ခတ္တသိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။

ဗြိတိန်နိုင်ငံ ဒူရန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ တွင်းနက်ကြီးသည် တွေ့ရှိသမျှ အကြီးမားဆုံး တွင်းနက်များထဲမှ တစ်ခုဖြစ်ကြောင်း သူတို့က ပြောကြားခဲ့သည်။

အဖွဲ့သည် ၎င်း၏တွေ့ရှိချက်များကို “အလွန်စိတ်လှုပ်ရှားဖွယ်ရာ” အဖြစ် Monthly Notices of the Royal Astronomical Society သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ နေရဲ့ ဒြပ်ထုထက် အဆ ၃၃ ဘီလီယံလောက်ကြီးမားတဲ့ ဒီတွင်းနက်ဟာ ရှာဖွေတွေ့ရှိဖူးသမျှထဲမှာ အကြီးမားဆုံးဖြစ်ပြီး ဒါဟာ အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုပါပဲ”ဟု ဒူရန်တက္ကသိုလ်မှ ရူပဗေဒဌာနမှ ဦးဆောင်သုတေသီ ဒေါက်တာ James Nightingale က ပြောသည်။

အလွန်ကြီးမားသော တွင်းနက်များသည် နေ၏ထုထည်ထက် အဆ ၁၀ ဘီလီယံမှ ၄၀ ဘီလီယံကြားတွင်ရှိကြပြီး စကြဝဠာအတွင်းရှိ အကြီးမားဆုံးသော အရာဝတ္ထုများဖြစ်ကြသည်။ သို့ရာတွင် ၎င်းတို့၏ ဇစ်မြစ်ကိုမူ ရှင်းရှင်လင်းလင်း မသိကြသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here