အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး ၈၉ ရုံး ကိုတိုင်းနှင့်ပြည်နယ် ၁၅ ခု၌ဖွင့်လှစ်ထား

0
228

အလုပ်သမားဝန်ကြီးဌာန၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၅ ခုတွင် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး ၈၉ ရုံးဖွင့်လှစ်ထားသည်။

ထိုရုံးများက အလုပ်ရှာဖွေသူနှင့်အလုပ်သမားလိုအပ်သည့် အလုပ်ရှင်များအတွက် ချိတ်ဆက်ဆောင်ရွက်ပေး​နေသည်။

အလုပ်လုပ်နိုင်သည့် အရွယ်ရောက်သူတိုင်း သင့်တော်ကောင်းမွန်သော အလုပ်အကိုင်ရရှိစေရေး၊ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ပေးရန် အစိုးရ၊အလုပ်ရှင်နှင့်အလုပ်သမား ၃ ပွင့်ဆိုင်ပူးပေါင်းဆောက်ရွက်လျက်ရှိခြင်းဖြစ်သည်။

ထို့ပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနလက်အောက်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ၇ ကျောင်းအား ဖွင့်လှစ်ထားပြီး အသက်မွေးဝမ်းကြောင်းဆိုင်ရာလေ့ကျင့်သင်ကြားခြင်း၊လုပ်သားစျေးကွက်တွင်လိုအပ်နေသည့် ကျွမ်းကျင်လုပ်သားရရှိစေရေးအတွက် အလုပ်အကိုင်အလိုက် အမျိုးသားအဆင့်ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ​နေသည်။

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်ရရှိထားသည့်အကျိုးဆောင်အေဂျင်စီ ၇၃ ခုလည်းရှိ​သည်။

အလုပ်အကိုင်အခွင့်အလမ်းပြပွဲများကိုလည်း အသင်းအဖွဲ့များ၊ကုမ္ပဏီများ၊ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်အေဂျင်စီများနှင့်ပူးပေါင်း၍ တိုင်းနှင့်ပြည်နယ်များတွင် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများအား အကြိမ် ၇၀ ပြုလုပ်ထားပြီးဖြစ်သည်။

Photo Credit_ Myanmar Digital News


LEAVE A REPLY

Please enter your comment!
Please enter your name here