ဧပြီ ၁ ရက်မှစတင်၍ ထိုင်းနိုင်ငံသို့လာရောက်သူများအား ယခင်အတိုင်း အခမဲ့ဗီဇာ ၁၄ ရက်သာခွင့်ပြု​တော့မည်

0
208

ထိုင်းနိုင်ငံသို့လာရောက်သူများအား ဧပြီ ၁ ရက်မှစတင်၍ ယခင်အတိုင်း အခမဲ့ဗီဇာ ၁၄ ရက်သာခွင့်ပြုမည်ဖြစ်၍ ထိုင်းနိုင်ငံသို့လာရောက်မည့် မြန်မာနိုင်ငံသားများသိရှိနိုင်စေရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့မှ မတ် ၃၀ ရက်(ယနေ့)တွင် အသိပေးထုတ်ပြန်ခဲ့သည်။

အခမဲ့ဗီဇာအား ယခင်အတိုင်း ၁၄ ရက်သာခွင့်ပြုပေးမည်ဖြစ်၍ ရက်ရှည်နေထိုင်လိုသည့် မြန်မာ နိုင်ငံသားများအနေဖြင့် ထိုင်းသံရုံး(ရန်ကုန်)တွင် ဗီဇာလျှောက်ထား၍လာရောက်နိုင်သည်ဟု အသိပေးခဲ့သည်။

ထိုင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊မတ် ၃၁ ရက်အတွင်းလာရောက်သည့် နိုင်ငံအသီးသီးမှ နိုင်ငံသားများနှင့်ပတ် သက်၍ အခမဲ့ဗီဇာ(Visa Free)သဘောတူညီမှုရရှိထားသော နိုင်ငံသားများ (မြန်မာနိုင်ငံအပါအဝင်) သည် ၄၅ ရက်အထိ နေထိုင်နိုင်ကြောင်း သိရသည်။

ထို့ပြင် ဆိုက်ရောက်ဗီဇာ(Visa on Arrival)ရရှိထားသည့် နိုင်ငံသားများသည် ၃၀ ရက်အထိ နေထိုင်ခွင့်ရရှိခဲ့ကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here