ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့သင်္ဘော ကမ္ဘောဒီးယားသို့ သုံးရက်ကြာလာရောက်လည်ပတ်

0
106

ဖနွမ်းပင်၊မတ် ၃၀

ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့ (JMSDF)၏ KIRISAME သင်္ဘောသည် ကမ္ဘောဒီးယားနိုင်ငံသို့ မတ်လ ၂၈ ရက်နေ့မှစတင်ကာ သုံးရက်ကြာလာရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်္ဘောသည် Preah Sihanoukville Autonomous ဆိပ်ကမ်းတွင်ဆိုက်ကပ်ပြီးနောက် ရေတပ် ဒုတိယ ဗိုလ်မှူးကြီး မာကိတာကယုခိသည် Preah Sihanouk ပြည်နယ် အုပ်ချုပ်ရေးမှူး Kuoch Chamroeun အား သွားရောက်တွေ့ဆုံဂါရဝပြုနှုတ်ဆက်ခဲ့‌ကြောင်းလည်းသိရသည်။

ယခုခရီးစဉ်သည် ရေကြောင်းကာကွယ်ရေးသင်တန်းကျောင်းမှ မကြာသေးမီကကျောင်းဆင်းခဲ့သော အငယ်တန်းအရာရှိများအတွက် ပြုလုပ်ပေးသည့် ပထမဆုံးသောခရီးစဉ်အဖြစ်လာရောက်ခြင်းဖြစ်သည်ဟု ကွန်မန်တာ တာကယုခိကပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာဂျပန်သံရုံး၏‌ ပြောကြားချက်အရ သုံးရက်ကြာခရီးစဉ်အတွင်း JMSDF နှင့် တော်ဝင်ကမ္ဘောဒီးယားရေတပ်တို့သည် ၎င်းတို့၏ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုပိုမိုနက်ရှိုင်းလာစေရန် ချစ်ကြည်ရေးလေ့ကျင့်မှုများစွာ ပြုလုပ်မည်ဖြစ်ကြောင်းလည်းသိရသည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here